နိပန္နဉ္ဇလိက
(အရှင်နိပန္နဉ္ဇလိကထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်နိပန္နဉ္ဇလိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်တိဿမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုစဉ်အခါက အရှင်နိပန္နဉ္ဇလိကထေရ် သည် သားရဲတိရစ္ဆာန်ထူထပ်သော တောထဲတွင် အနာရောဂါ၏ နှိပ်စက်မှုကို ခံစားလျက် ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာ၏။ ထိုအခါ အရှင်နိပန္နဉ္ဇလိကထေရ် သည် လက်အုပ်ချီကာ ရှိခိုးခဲ့၏။ ထို့နောက် ထိုအရပ်တွင်ပင် သေဆုံးခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ရှိခိုးခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးခုမြောက်ကမ္ဘာထက်တွင် “မဟာသိခ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်နိပန္နဉ္ဇလိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]