အရှင်ရောဟဏ သည် မိလိန္ဒပဉှာကျမ်းတွင် ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်၏။ အရှင်နာဂသေန၏ ဥပဇ္ဈာယ်ဆရာလည်း ဖြစ်၏။[၁]

ရဟန်းတို့၏ ဒဏ်ပေးခြင်း ပြင်ဆင်ရန်

မိလိန္ဒမင်း သည် ရဟန်းတို့အား အမေးပုစ္ဆာတို့ဖြင့် နှိပ်စက်နေ၏။ ထို့ကြောင့် ရဟန်းတို့သည် တာဝတိံသာနတ်ပြည်ရှိ နာဂသေနနတ်သားအား လူ့ပြည်သို့လာကာ မိလိန္ဒမင်း၏ ယုံမှားသံသယကို ဖြေဖျောက်ပေးပါရန် သွားရောက်တောင်းပန်၏။

နတ်ပြည်မှ ပြန်လာပြီးသော် ရဟန်းတို့သည် ဟိမဝန္တာတောင်၊ ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထို့အချိန်တွင် အရှင်ရောဟဏသည် ဟိမဝန္တာတောင်သို့ဝင်ကာ ထိုနေ့မှစရေပါက ခုနစ်ရက်မတိုင်ခင်က နိရောဓသမာပတ်ကို ဝင်စားနေ၏။ ထိုအခါ ရဟန်းတစ်ပါးက အရှင်အဿဂုတ္တအား “ဤအစည်းအဝေးသို့ မလာသော ရဟန်းတစ်ပါး ရှိပါ၏လော” ဟု မေး၏။ ထိုအခါ “ရှိပါ၏” ဟု ဖြေ၏။

ထိုအချိန်တွင် အရှင်ရောဟဏသည် သမာပတ်မထကာ “ရဟန်းတို့သည် မိမိကို တောင့်တ၏” ဟု သိတော်မူကာ ရက္ခိတကုန်းပြင်သို့ လာ၏။

ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား သာသနာတော် ပျက်စီးသည်ရှိသော သံဃာပြုရမည့် ကိစ္စကို မမြင်သလော” စု မေး၏။ ထိုအခါ အသျှင်ရောဟဏသည် တောင်းပန်လျှောက်ထား၏။ ထိုအခါ သံဃာသည် အသျှင်ရောဟဏအား “သောဏုတ္တရအမည်ရှိသည့် ပုဏ္ဏားတွင် နာဂသေနမည်သော သားငယ် ဖွားမြင်လိမ့်မည်။ ထိုသူငယ်အား လူ့ဘောင်မှ နှင်ထုတ်လျက် ရှင်သာမဏေပြုစေလော့” ဟု မိန့်တော်မူကာ ဒဏ်ပေး၏။ ထိုအခါ အရှင်ရောဟဏသည် “ကောင်းပါပြီ” ဟု ဝန်ခံတော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မိလိန္ဒပဉှာပါဠိတော်မြန်မာပြန်