အရှင်သုံးတော့ ဓားမတုံး ထက်

အရှင်သုံးတော့ ဓားမတုံး ထက် သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

အရှင်သခင် အသုံးပြုသည့်အခါ တုံးနေသော ဓားမပင် ထက်လာသကဲ့သို့ အကြီးအကဲက ချီးမြှင့်မြှောက်စားသည့်အခါ အရည်အချင်းနုံ့သူပင် အရေးပါ ထွင်ကျယ်လာသည်။

"ခင်ဖုန်းဟာ ပညာရှိ အပျိုတော်တစ်ယောက်လို့ ဆိုလောက်ပေတာပဲ။ အရှင်သုံးတော့ ဓားမတုံး ထက်ဆိုတဲ့ စကားလို ထိပ်ထားသခင်မ သုံးတော်မူတဲ့အတွက်ကြောင့်ပါဘုရား။"