အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် သည် အခြေခံဥပဒေအရ အရှေ့တီမောနိုင်ငံ၏ အထိမ်းအမှတ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။[၁]
အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တီမောလက်စ်တီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | Democratic Republic of Timor-Leste |
စတင်အသုံးပြုခြင်း | ၂၀၀၇ |
ဆောင်ပုဒ် | Unidade, Acção, Progresso "Union, Action, Progress" |
သမိုင်းကြောင်း
ပြင်ဆင်ရန်လက်ရှိအထိမ်းအမှတ်တံဆိပ်ကို ၂၀၀၇ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ ၁၉၇၅ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ပေါ်တူဂီတို့လက်မှ လွတ်လပ်ရေးရပြီဟု ကြေညာခဲ့စဉ်က အသုံးပြုခဲ့သော တံဆိပ်နှင့် ဆင်တူသည်။
ယခင်တံဆိပ်များ
ပြင်ဆင်ရန်ပေါ်တူဂီကိုလိုနီခေတ်(၁၉၃၅-၁၉၇၅)
ပြင်ဆင်ရန်၁၉၃၅ခုနှစ်တွင် ပေါ်တူဂီတို့သည် ၎င်းတို့၏ကိုလိုနီနယ်မြေအတွက် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။ ထိုတံဆိပ်မှာ ပေါ်တူဂီ၏ အခြားသော ကိုလိုနီနယ်မြေများ၏ တံဆိပ်များအတိုင်းပင်ဖြစ်သည်။
အင်ဒိုနီးရှားပြည်နယ် (၁၉၇၅-၁၉၉၉)
ပြင်ဆင်ရန်လွတ်လပ်ရေးကြေညာအပြီး ရက်အနည်းငယ်အကြာတွင် အင်ဒိုနီးရှားတို့က အရှေ့တီမောဒေသကို ကျူးကျော်ကာ ၎င်းတို့၏ ၂၇ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အရှေ့တီမောပြည်နယ်၏ အမှတ်တံဆိပ်ကို ၁၉၇၅ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ အသုံးပြုခဲ့သည်။
ကုလသမဂ္ဂအုပ်ချုပ်မှုကာလ (၁၉၉၉-၂၀၀၂)
ပြင်ဆင်ရန်အင်ဒိုနီးရှားတွင် သမ္မတ ဆူဟာတိုနုတ်ထွက်အပြီး သမ္မတ ဟာဘီဘီလက်ထက်တွင် အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် အခြေအနေများအရ သမ္မတ ဟာဘီဘီက ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များကိုခေါ်၍ အခြေအနေကို ထိန်းခဲ့ရသည်။ ၁၉၉၉ခုနှစ်တွင် အရှေ့တီမောဒေသကို ကုလသမဂ္ဂမှ စတင်အုပ်ချုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးသည့် အချိန်အထိဖြစ်သည်။ ထိုကာလအတွင်း အမှတ်တံဆိပ်တစ်ခုကို အသုံးပြုခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ် (၂၀၀၂ - ၂၀၀၇)
ပြင်ဆင်ရန်လွတ်လပ်ရေးရပြီး ပထမဆုံးအသုံးပြုခဲ့သေ အထိမ်းအမှတ်တံဆိပ်သည် တီမောကာကွယ်ရေးအမျိုးသားကောင်စီ၏ တံဆိပ်တွင်ပါသော ဒိုင်းဖြစ်သည်။ ထိုတံဆိပ်၏ အဓိကမှာ တီမောရိုးရာဓားဖြစ်သည်။ ဘေးတွင် လှံ၊ ကြယ်၊ မြှားတို့ပါသည်။ ဒိုင်းကာအောက်တွင် ရောင်ခြည် (၁၄)ခုပါသော နေလုံး၊ ၎င်းတို့ကို ပတ်ထားသော စက်ဝိုင်းတွင် ပေါ်တူဂီဘာသာဖြင့် နိုင်ငံအမည်တို့ ပါဝင်သည်။
ပြခန်း
ပြင်ဆင်ရန်-
ပေါ်တူဂီအမှတ်တံဆိပ်(၁၅၂၀ -၁၉၇၅)
-
ပေါ်တူဂီ-တီမောအမှတ်တံဆိပ် (၁၉၃၃-၁၉၄၅)
-
ပေါ်တူဂီ-တီမောအမှတ်တံဆိပ် (၈ မေ ၁၉၃၅ - ၁၁ ဇွန် ၁၉၅၁)
-
ပေါ်တူဂီ-တီမောအမှတ်တံဆိပ် (၁၁ ဇွန် ၁၉၅၁ - ၂၈ နိုဝင်ဘာ ၁၉၇၅)
-
အရှေ့တီမောပြည်နယ်တံဆိပ် (၁၉၇၅-၁၉၉၉)
-
ကုလသမဂ္ဂတို့၏တံဆိပ် (၁၉၉၉-၂၀၀၂)
-
တီမောလက်စ်တီဒီမိုကရက်တစ်သမ္မတနိုင်ငံ အမှတ်တံဆိပ် (၂၀၀၂-၂၀၀၇)