အရှေ့ဝိစာရသည် ဖိလစ်ပိုင်နိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေတခုဖြစ်ပြီး နယ်မြေ ၈ အဖြစ် သတ်မှတ်ထားသည်။ ဆမာလေတီဘီလီရန်ဟူသော ကျွန်းစုများဖြင့် ဖွဲ့ထားသည်။ ပြည်နယ် ၆ ခု၊ ကိုယ်ပိုင်အုပ်ချုပ်သောမြို့ ၁ ခု၊ မြို့ကြီး ၁ ခုရှိသည်။ ပြည်နယ်များမှာ ဘီလီရန်လေတီတောင်လေတီဆမာမြောက်ဆမာအရှေ့ဆမာအော်မော့နှင့် တာကလိုဘန်တို့ဖြစ်သည်။ တာကလိုဘန်မြို့မှာ ရန်ကုန်ကဲ့သို့ တပြည်နယ်လုံး တမြို့ဖြစ်နေသောမြို့ ဖြစ်သည်။ ၎င်းသည်ပင် အရှေ့ဝိစာရအတွက် မြို့တော်ဖြစ်သည်။ ဝိစာရကျွန်းစု၏ အရှေ့ဘက်မှကျွန်းများဖြင့် သတ်မှတ်သောကြောင့် အရှေ့ဝိစာရ ခေါ်ခြင်းဖြစ်သည်။

အရှေ့ဘက်၌ ဖိလစ်ပိုင်ပင်လယ်ရှိသည်။ နယ်မြေ၏အထင်ကရနေရာမှာ ဆန်ဂျူယန္နီကိုတံတားဖြစ်ပြီး ဆမာပြည်နယ်နှင့် လေတီပြည်နယ်ကို ဆက်ထားသည်။ အရှေ့ဝိစာရတွင် ၂၀၁၅ ခုစာရင်းအရ လူဦးရေ ၄၄၄၀၁၅၀ ယောက်ရှိသည်။ ဝိစာရကျွန်းစုနယ်မြေတို့တွင် လူနေအနည်းဆုံးဖြစ်သည်။