အလင်းနှစ်
အလင်းနှစ် (အင်္ဂလိပ်: Light-year) ဆိုသည်မှာ စကြဝဠာအားတိုင်းတာရာတွင် အသုံးပြုသော အတိုင်းအတာ ယူနစ်တစ်ခု ဖြစ်သည်။ အလင်းသည် တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း (မိုင်ပေါင်း ၁၈၆,၀၀၀) ခရီးသွားသည်။ ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးသည် အလင်းနှစ် ၁ နှစ် ဖြစ်သည်။[၂] ဥပမာ လကမ္ဘာသည် ကမ္ဘာမှ မိုင်ပေါင်း ၂၄၀,၀၀၀ သာဝေးသည်။ ထို့ကြောင့် လကမ္ဘာသည် ကမ္ဘာမြေသို့ အလင်းနှစ် ၁ စက္ကန့်ကျော်ခန့်သာ ဝေးကွာသည်။ နေစကြဝဠာပြင်ပမှ အရာများအားတိုင်းတာရာတွင် အလင်းနှစ်ကို စံနမူနာထားကာ အသုံးပြုသည်။ အလင်းနှစ်တွင် ခုနှစ် ပါဝင်သောကြောင့် တခါတရံ အချိန်၏ ယူနစ်နှင့် ရောထွေးတတ်သည်။
အလင်းနှစ် | |
---|---|
ယူနစ်အချက်အလက် | |
အတိုင်းအတာစနစ် | astronomy units |
ယူနစ်၏ | အလျား |
သင်္ကေတ | ly[၂] |
ယူနစ် ဖလှယ်မှုများ | |
1 ly[၂] in ... | ... ညီမျှသည်မှာ ... |
metric (SI) units | ×1015 m 9.4607 75 Pm 9.460 |
imperial & US units | ×1012 mi 5.8786 |
astronomical units | 241 au 63 pc 0.3066 |
အလင်းနှစ် (၁) နှစ် = ၉၄၆ဝ၇၃ဝ၄၇၂၅၈ဝ၈ဝဝ မီတာ (အတိအကျ)
≈ ၉.၄၆၁ ပီတာမီတာ
≈ ၅.၈၇၈၆၂၅ ထရီလီယံ မိုင်
≈ ၆၃၂၄၁.ဝဝ၇ AU
≈ ဝ.၃ဝ၆၆ဝ၁ parsecs
ကိုးကား
ပြင်ဆင်ရန်- ↑ The Universe within 12.5 Light Years: The Nearest Stars
- ↑ ၂.၀ ၂.၁ International Astronomical Union၊ Measuring the Universe: The IAU and Astronomical Units၊ 10 November 2013 တွင် ပြန်စစ်ပြီး