အလင်္ကာရသ
အလင်္ကာရသဆိုသည်မှာ မြန်မာစာပေလောကရှိ လင်္ကာဖွဲ့ဆိုရာ၊ ဝတ္ထုရေးသားရာ၊ စကားပြေရေးသားရာတွင် ပါဝင်သည့် စိတ်ခံစားမှုကို ကိုယ်စားပြုသည့် စာပေအရေးအသားတို့ကို ခေါ်ဆိုခြင်းဖြစ်သည်။ အလင်္ကာရသ ကိုးပါးရှိလေသည်။ ၎င်းတို့သည် အခန်းအားလျော်စွာ အကြောင်းအရာ အားလျော်စွာ တည်ရှိကြပေသည်။ ၎င်းတို့၏ အမည်ခေါ်ဝေါ်ပုံမှာ
- ချစ်ရေးကြိုက်ရေးပြသည့်ရသကို သိင်္ဂါရ ရသ၊
- ရယ်ရွင်ဖွယ်ပြသည့်ရသကို ဟဿရသ၊
- သနားကြင်နာဖွယ်ပြသည့်ရသကို ကရုဏာ ရသ၊
- ညှဉ်းဆဲနှိပ်စက်သည့် စိတ်ခက်ထန်ဖွယ် ဒေါသဖြစ်ဖွယ်ရသကို ရုဒ္ဓရသ၊
- ရဲရင့်စိတ်ပြသည့် ရသကို ဝီရရသ၊
- ကြောက်ဖွယ် ထိပ်လန့်ဖွယ်ပြသည့်ရသကို ဘယာနကရသ၊
- စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည့် ရသကို ဝိဘစ္ဆရသ၊
- အံ့ဩဖွယ်ပြသည့်ရသကို အဗ္ဘုတရသ၊
- ကိုယ်စိတ်ငြိမ်းချမ်းဖွယ်ပြသည့်ရသကို သန္တရသ ဟူ၍ ခေါ်ဝေါ်သည်။