အလယ်အာရှ သည် အာရှတိုက်၏ ဗဟိုချက်တွင် တည်ရှိသော နေရာဒေသတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ကက်စပီယံပင်လယ်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် မြောက်ဘက်တွင် ရုရှားနိုင်ငံ တို့အထိကျယ်ပြန့်သည်။ လက်ရှိအခြေအနေအရ အလယ်အာရှတွင် ပါဝင်သည့်နိုင်ငံများမှာ ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ကွဲထွက်လာသည့် နိုင်ငံများဖြစ်သော ကာဇက်စတန်နိုင်ငံကာဂျစ္စတန်နိုင်ငံတာဂျစ်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တို့ဖြစ်ကြသည်။ ရံဖန်ရံခါတွင် အာဖဂန်နစ္စတန်နိုင်ငံကိုလည်း ထည့်သွင်းရေတွက်သည်။

အလယ်အာရှ (Central Asia)
Map of Central Asia
ဧရိယာ၄၀၀၃၄၅၁ စတုရန်းကီလိုမီတာ[N ၁]
လူဦးရေ၆၆,၄၅၃,၅၃၃
လူဦးရေသိပ်သည်းဆ၁၆.၆/km²
နိုင်ငံများကာဇက်စတန်နိုင်ငံ
ကာဂျစ္စတန်နိုင်ငံ
တာဂျစ်ကစ္စတန်နိုင်ငံ
တာ့ခ်မင်နစ္စတန်နိုင်ငံ
ဥဇဘက်ကစ္စတန်နိုင်ငံ
အလယ်ပိုင်းဒေသကာဇက်စတန်နိုင်ငံ

အလယ်အာရှသည် သမိုင်းကြောင်းများအရ နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြခြင်းနှင့် ပိုးလမ်းမကြီး တည်ရှိနေခဲ့ခြင်းတို့ကြောင့် ဥရောပအနောက်အာရှအရှေ့တောင်အာရှ နှင့် အရှေ့အာရှ ဒေသများ၏ ကုန်သွယ်ရာ ဒေသတစ်ခုဖြစ်ခဲ့သည်။[၁][၂] အစ္စလမ်မတိုင်မီခေတ်နှင့် အစ္စလမ်ခေတ်ဦးပိုင်းတွင် အလယ်အာရှသည် အီရန်လူမျိုးများ ကြီးစိုးရာဒေသ ဖြစ်ခဲ့သည်။ တားကစ်ခ်လူမျိုးများ ရောက်ရှိလာပြီးနောက် အလယ်အာရှသည် ယင်းလူမျိုးတို့၏ အိမ်သဖွယ်ဖြစ်လာခဲ့သည်။ သို့အတွက်ကြောင့် အလယ်အာရှကို ရံဖန်ရံခါ တာကီစတန်ဟူ၍လည်း ခေါ်ဆိုကြသည်။[၃][၄][၅][၆]

၁၉ ရာစုအလယ်ပိုင်းမှ ၂၀ ရာစုအကုန်အထိ အလယ်အာရှ၏ ဒေသအများစုမှာ ရုရှားအင်ပါယာ တွင်ပါဝင်ပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု အဖြစ်တည်ရှိခဲ့သည်။

နယ်မြေဒေသ အချက်အလက်များ ပြင်ဆင်ရန်

နိုင်ငံ ဧရိယာ
km²
လူဦးရေ
(၂၀၁၂)
လူဦးရေသိပ်သည်းဆ
per km2
Nominal GDP
အမေရိကန်ဒေါ်လာ သန်း (၂၀၁၂)
မြို့တော် ရုံးသုံးဘာသာစကား
  ကာဇက်စတန် ၂,၇၂၄,၉၀၀ ၁၇,၉၄၈,၈၁၆[၇] ၆.၃ ၁၉၆,၄၁၉ အက်စတာနာမြို့ ကာဇတ်ဘာသာ, ရုရှားဘာသာ
  ကာဂျစ္စတန် ၁၉၉,၉၀၀ ၅,၆၀၄,၂၁၂[၈] ၂၇.၈ ၆,၄၇၃ Bishkek ကာဂျစ်ဘာသာရုရှားဘာသာ
  တာဂျစ်ကစ္စတန် ၁၄၃,၁၀၀ ၈,၀၅၂,၅၁၂[၉] ၅၅.၉ ၇,၅၉၂ ဒုရှန်ဗေမြို့ တာဂျစ်ဘာသာရုရှားဘာသာ
  တာ့ခ်မင်နစ္စတန် ၄၈၈,၁၀၀ ၅,၁၇၁,၉၄၃[၁၀] ၁၀.၅ ၃၃,၆၇၉ အက်ရှ်ကဘက်မြို့ တာ့ခ်မန်ဘာသာ
  ဥဇဘက်ကစ္စတန် ၄၄၇,၄၀၀ ၃၀,၁၈၅,၀၀၀[၁၁] ၆၇.၅ ၅၁,၁၆၈ တက်ရှကင့်မြို့ ဥဇဘက်ဘာသာ

တစ်ခါတစ်ရံ ထည့်သွင်းရေတွက်သောနိုင်ငံများ ပြင်ဆင်ရန်

နိုင်ငံ ဧရိယာ
km²
လူဦးရေ
(၂၀၁၂)
လူဦးရေသိပ်သည်းဆ
per km2
မြို့တော် Official languages
  အာဖဂန်နစ္စတန် ၆၄၇,၅၀၀ ၃၁,၁၀၈,၀၇၇ ၄၈ ကဘူးလ်မြို့ ပက်ရှ်တိုဘာသာဒါရီဘာသာ

ကိုးကား ပြင်ဆင်ရန်

  1. Steppe Nomads and Central Asia
  2. Silkroad Foundation, Adela C.Y. Lee။ Travelers on the Silk Road။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  3. Shepherd, William (1923)။ Historical Atlas။ New York: Henry Holt and Company။
  4. Polo၊ Marco; Smethurst၊ Paul (2005)။ The Travels of Marco Polo။ p. 676ISBN 978-0-7607-6589-0
  5. Ferrand, Gabriel (1913), "Ibn Batūtā", Relations de voyages et textes géographiques arabes, persans et turks relatifs à l'Extrème-Orient du 8e au 18e siècles (Volumes 1 and 2) (in French), Paris: Ernest Laroux, pp. 426–458
  6. Andrea, Bernadette. “Ibn Fadlan’s Journey to Russia: A Tenth‐Century Traveler from Baghdad to the Volga River by Richard N. Frye: Review by Bernadette Andrea”. Middle East Studies Association Bulletin, Vol. 41, No. 2, 201-202. Middle East Studies Association of North America (MESA).
  7. The World Factbook။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  8. The World Factbook။ 27 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  9. The World Factbook။ 31 March 2001 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  10. The World Factbook။ 12 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  11. The World Factbook။ 9 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  1. အလယ်အာရှရှိ ငါးနိုင်ငံ၏ ဧရိယာစုစုပေါင်း ဖြစ်သည်။