အလ္လာကပ္ပ သည် ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ဓာတ်တော်များ မျှဝေယူခဲ့သည့် တိုင်းပြည်ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။[၁]

The Distribution of the Buddha's Relics, by Drona the Brahmin.

ကနဦးက ဗုဒ္ဓ၏ဓာတ်တော်များကို ကုသိနာရုံပြည်ရှိ မလ္လာမင်းတို့သည် မိမိတို့သာ ရယူမည်ဟု ဆန္ဒရှိခဲ့သည်။ သို့သော် ဤသည်မှာ ဓာတ်တော်နှင့်ပတ်သက်၍ စစ်ပွဲဆီသို့ ဦးတည်မည်ဖြစ်သဖြင့် ဓာတ်တော်များကို အခြားတိုင်းပြည်များသို့ပါ မျှဝေပေးခဲသည်။ တိုင်းပြည်များတွင် ရာဇဂြိုဟ်၊ ဝေသာလီ၊ ကပိလဝတ်၊ ရာမာဂရာမ ခေါ် ရာမရွာ၊ ပါဝါ၊ ကုသိနာရုံ၊ ဝေဋ္ဌဒီပ နှင့် ပိပ္ပလိဝန တို့ ပါဝင်သည်။[၁]

အလ္လာကပ္ပရှိ ပြည်သူများကို ဗုလိယ (သို့) ဗုလိ ဟု ခေါ်ကြသည်။ [၁][၂]ထိုလူမျိုးများသည် ဗီဟာပြည်နယ်၏ ဗုဒ္ဓသမိုင်းဝင်ဧရိယာ နေရာအချို့တွင် နေထိုင်ကြသည်။ သို့သော် ထိုသူများအကြောင်းကို ဒီဃနိကာယ်တစ်ခုတည်းတွင်သာ ဖော်ပြထားသည်။[၂]

ဗုလိမင်းများ (သို့) ယင်းလူမျိုးများ ရရှိခဲ့သည့် ဓာတ်တော်များကို စေတီတည်ကာ ဌာပနာခဲ့ကြသည်။

The Bulis of Allakappa received a portion of the Buddha's relics following the War over the Buddha's Relics against the Sakyas. Sanchi (1st century BCE/CE).[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Buddhist Architecture, Lee Huu Phuoc, Grafikol 2009, p.140-174
  2. ၂.၀ ၂.၁ Republics in ancient India (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Brill Archive။
  3. John Marshall, A Guide to Sanchi, 1918 p.46ff (Public Domain text)