အလွဲစွဲစိတ်
အလွဲစွဲစိတ်ဆိုသောမှာ စကားလုံးကို ယုတ်ညံ့၍ မကောင်းသော သဘော သက်ဝင်သည့် အဓိပ္ပာယ်နှင့် အသုံးပြု လေ့ရှိကြ၏။ သို့ရာတွင် အလွဲစွဲစိတ် ဟူသမျှသည် မှားယွင်း သော ယုံကြည ်မှုများသာ ဖြစ်သည်ဟူ၍ကား မဆိုနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အယူဝါဒ၊ မှော်ပညာ၊ အလွဲစွဲစိတ် ဤ သုံးခုသည် တစ်ခုနှင့်တစ်ခု ရောထွေး ဆက်စပ်၍နေသည်။ အလွဲစွဲစိတ်တစ်ခုသည် ကျွန်ုပ်တို့က မှန်သည်ဟု ယုံကြည့် ကျင့်သုံးနေကြသော အယူဝါဒမှလည်း ဖြစ်ပေါ်တတ်၍ မှော် ပညာနှင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင်နေ တတ်၏။ များသောအားဖြင့်ကား အလွဲစွဲစိတ်တို့သည် ဆင်ခြင်တုံ တရားနှင့် မယှဉ်သော အယူဝါဒဆိုင်ရာ အယူအဆများ၊ အခြေ အမြစ်မရှိသော ယုံကြည်ကြောက်ရွံ့များသာ ဖြစ်သည်။ သို့ရာ တွင် တစ်ခါတစ်ရံ ခေတ်မှီ ပညာရှိကြီးအချို့တို့တွင် ထိုကဲ့သို့ အလွဲစွဲစိတ်များ ကိန်းအောင်းနေတတ်သည်ကို တွေ့ရှိရ၏။ ဤ အချက်ကို ထောက်၍ အလွဲစွဲစိတ်ရှိတိုင်း မကောင်းဟုဆိုရန် ခဲယဉ်းလေသည်။
လူတစ်ယောက်ကို အယူသန်သည်ဟူ၍လည်းကောင်း၊ အလွဲ စွဲစိတ်ရှိသည်ဟူလည်းကောင်း ပြောဆိုရာ၌ ထိုသူ၏အသိဉာာဏ် ဗဟုသုတ အဆင့်အတန်းသည် ခေတ်မမီသေးဟုဆိုရာ ရောက် လေသည်။ သို့ဖြစ်၍ အလွဲစွဲစိတ်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မှန်ကန်နိုင်သမျှ မှန်ကန်အောင် ပြန်ဆိုရမည်ဆို လျှင် သက်ဆိုင်ရာ လူတန်းစား၏တိုးတက်သော အသိဉာာဏ်၊ ဗဟုသုတ အဆင့်အတန်းနှင့် မဆီလျော်သည့် အခြေအမြစ် ကင်းမဲ့သောအယူဝါဒ ဟူ၍ ပြန်ဆိုသင့်ပေသည်။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းမှာလိုပင် အနည်းနှင့်အများ အလွဲ စွဲစိတ်ရှိကြ၏။ အယူဝါဒသည်လည်းကောင်း၊ တိုးတက်ခေတ်မီ သော သိပ္ပံပညာရပ်များသည်လည်းကောင်း ထိုအလွဲစွဲစိတ်များ ကို ပပျောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ကျွန်ုပ်တို့ မြန်မာ လူမျိုးများသည်လည်း ကမ္ဘာပေါ်၌ အလွဲစွဲစိတ်များရှိသည့် လူမျိုးများတွင် တစ်ဦး အပါအဝင် ဖြစ်၏။ ခေတ်ပညာတတ် လူလတ်တန်းစားများထဲတွင် ထိုကဲ့သို့ ဆင်ခြင်တုံတရားနှင့် မယှဉ်သော ဥပါဒါန်အစွဲအလမ်းများသည် တဖြည်းဖြည်း လျော့ပါးသွားပြီ ဖြစ်သော်လည်း တောင်သူလယ်သမား ဆင်းရဲ သား တောနေလူများနှင့် ရှေးဆံသော လူကြီးပိုင်းတွင်မူကား အလွဲစွဲစိတ်များ ယခုတိုင် ရှိနေသေးသည်။
ကြိုးတန်းကြိမ်တန်းနှင့် လှေကားအောက်များသို့ ငုံ့လျှိုးသွား လျှင် ဘုန်းကံနိမ့်တတ်သည်ဟု အယူရှိကြ၏။ လက်သည်းခြေ သည်းများ အိမ်အောက်သို့ကျလျှင် လာဘ်တိတ်တတ်သည်ဟု ယူဆကြ၏။ အိမ်မြေ|ာင် စုတ်ထိုးသံကြားလျှင် လာဘ်ကောင်း သည်ဟု ယုံကြည်ကြ၏။ အိမ်ခေါင်းမိုးမှ ကျီးသာလျှင် ဧည့်သည့် ရောက်တတ်သည်ဟု ပြောကြ၏။ ထို့ပြင် ဆေးပညာ ကျန်းမာရေး စသည်တို့နှင့် စပ်လျဉ်း၍လည်း အယူစွဲများ မရေ မတွက်နိုင်အောင် ရှိသေးသည်။ ပုံစံအားဖြင့် လူတစ်စုံ တစ် ယောက် နာတာရှည်ရောဂါ ကပ်ငြိလျှင် ခေတ်မီဆေးပညာအရ ရောဂါ၏သဘောကို အမှန်အကန်ရအောင် ဆေးဆရာဝန်များကို ခေါ်ယူကုသစေခြင်း မပြုကြပဲ စုန်းဖမ်းစားသည်၊ နတ်ဖမ်းစား သည်ဟု အယူရှိကာ ရိုးရာနတ်ကို ငှက်ပျော်ပွဲ အုန်းပွဲစသည် တို့နှင့် ပူဇော်ပသ၍ တောင်းပန်တတ်ကြသည်။ တစ်ခါတစ်ရံ လူနာသည် မသေပဲနေတတ်ရာ ထိုအခါ နတ်ကိုပသတောင်းပန် သောကြောင့် အသက်ချမ်းသာရာရသည်ဟု အယူရှိကြ၏။
နတ်ကို ပသ တင်မြေ|ာက်ပါလျက်နှင့် သေသွားလျှင်လည်း သေနေ့စေ့၍ သေရသည်ဟူ၍လည်းကောင်း၊ နတ်ကို အချိန်မှီ မပူဇော် ပတင်မြေ|ာက်သောကြောင့် သေရသည်ဟူ၍လည်း ကောင်း ပြောဆိုလေ့ရှိကြသည်။
ထိုနည်းအတူ ကလေးသူငယ်များ အငိုမတိတ်နိုင်လျှင် နတ်သူငယ်မနဲမိကလေးကို မုန့်လုံးပေါ် စသည်တို့နှင့် ပသတင်မြေ|ာက်ကာ ပါးစပ်ကလည်း နတ်သူငယ် ရှင်မ ကလေးဘုရား၊ စားတော်ပွဲများနဲ့ ပူဇော်ပသပါတယ်၊ ညီမလေး မောင်လေးများကို အငိုမပေးပါနဲ့၊ အရယ်မပေးပါနဲ့ စသည်ဖြင့် ပြောဆိုလျက် နတ်ကို တောင်းပန်တတ်ကြ၏။ မိုးခေါင်လျှင် လွန်ဆွဲခြင်းကို မြန်မာနိုင်ငံ ခြောက်သွေ့သောဒေသများတွင် ပြုလုပ်လေ့ ရှိကြသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)