အဝါရောင်သည် အလင်း၏ ရောင်စဉ်တွင် အစိမ်းရောင်နှင့် လိမ္မော်ရောင်ကြားရှိ အရောင်တခုဖြစ်သည်။ ပန်းချီရေးဆွဲခြင်းနှင့် ပုံနှိပ်ခြင်း လုပ်ငန်းတို့တွင် အဓိက အသုံးပြုသည့် အရောင်တခု ဖြစ်သည်။ အဝါရောင်အား ငှက်ပျောသီး၊ ပြောင်းဖူး စသည်တို့တွင် တွေ့ရှိနိုင်သည်။ နေသည် မိုးကုတ်စက်ဝိုင်းအနီးသို့ရောက်သောအခါ နေရောင်ခြည်သည် အဝါရောင်အဖြစ်သို့ အနည်းငယ်သမ်းသွားသည်။

အဝါရောင်
 
ရောင်စဉ်တန်း ကိုဩဒိနိတ်များ
လှိုင်းအလျား575–585[၁] nm
ကြိမ်နှုန်း521–512 THz
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FFFF00
sRGBB (r, g, b)(255, 255, 0)
HSV (h, s, v)(60°, 100%, 100%)
CIELChuv (L, C, h)(97, 107, 86°)
ရင်းမြစ်HTML/CSS[၂]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)

ဥရောပ၊ ကနေဒါနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုရှိ စစ်တမ်းများအရ အဝါရောင်သည် လူကြီးလူကောင်းဆန်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဟာသဉာဏ်ရှိခြင်း စသည်တို့နှင့် ဆက်နွယ်မှု ရှိသည်ကို တွေ့ရသည်။ သို့သော်လည်း အဝါရောင်သည် မနာလိုမှု၊ လောဘနှင့်လည်း ဆက်နွယ်မှုရှိပြီး အမေရိကန်တွင် သူရဲဘောကြောင်ခြင်းနှင့်လည်း ဆက်စပ်သည်။[၃] အီရန်နိုင်ငံတွင် အဝါရောင်သည် ဖျားနှာမှုနှင့် ဆက်နွယ်သည့်အပြင်[၄] ပညာရှိခြင်းကိုလည်း ကိုယ်စားပြုသည်။[၅] တရုတ်နိုင်ငံနှင့် အာရှတိုက်ရှိနိုင်ငံများတွင် အဝါရောင်သည် ပျော်ရွှင်မှု အောင်မြင်မှုနှင့် ပညာရှိခြင်းအဖြစ် ရှုမြင်ကြသည်။[၆]


ကိုးကား ပြင်ဆင်ရန်

  1. "Color" (2021). The Physics Hypertextbook. 
  2. CSS Color Module Level 3 (19 June 2018)။ 29 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2007 တွင် ပြန်စစ်ပြီး။
  3. Eva Heller (2000), Psychologie de la couleur – effets et symboliques, pp. 69–86.
  4. Price၊ Massoume (December 2001)။ Culture of Iran: Festival of Fire။ Feb 3, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Amjadi၊ Maryam Ala (2012)။ Shades of doubt and shapes of hope: Colors in Iranian culture။ Dec 21, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Eva Heller (2000), Psychologie de la couleur – effets et symboliques, pp. 69–86