အသင်္ချေယျကပ်
(အသင်္ချေကပ်မျိုးလေးပါး မှ ပြန်ညွှန်းထားသည်)
[၁] အသင်္ချေယျကပ်၊ နှစ်ပေါင်း ဤရွှေ့ ဤမျှ ရှိ၏ဟု ရေတွက်မှန်းဆ၍ မဖြစ်နိုင်လောက် အောင် ရှည်လျားသော-ကပ်–အချိန် ကာလ။[၂]
ကပ် ၄-မျိုး
ပြင်ဆင်ရန်ယင်း-အသင်္ချေယျကပ်သည် ကပ် ၄-မျိုးတွင် အပါအဝင်ဖြစ်သည်။ ကပ်၄-မျိုးမှာ
တစ်ကမ္ဘာ
ပြင်ဆင်ရန်ထိုတွင်
- (၁) ကာလအားလျော်စွာ သတ်မှတ်ထားသော အသက် အပိုင်းအခြားသည် အာယုကပ် မည်၏။
- (၂) အသင်္ချေတမ်းမှ တဖြေးဖြေးဆုတ်၍ ၁၀-နှစ်တမ်းတိုင်အောင်, ၁၀-နှစ်တမ်းမှ တရွေ့ရွေ့ တက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် အန္တရကပ် မည်၏၊
- (၃) အန္တရကပ် ၆၄-ကပ်သည် တနည်း အန္တရကပ် ၂၀သည် အသင်္ချေယျကပ် မည်၏။
- (၄) အသင်္ချေယျ ကပ် ၄-ကပ်သည် မဟာကပ် (တစ်ကမ္ဘာ) မည်၏။ [၂]
တစ်ကမ္ဘာကြာချိန်
ပြင်ဆင်ရန်မဟာကပ် ပမာဏကား အလျားအနံ တယူဇနာရှိသော မုန်ညင်းဖြူစေ့ပုံမှ အနှစ် တရာပြည့်သောအခါ၌ တစေ့ယူ၍ ပစ်သော် မုန်ညင်းစေ့ပုံသည် ကုန်ရာ၏၊ မဟာကပ်ကား မကုန်ဆုံးနိုင်ရာ၊ ဤမျှ ပမာဏရှိ၏။ [၂]
အသင်္ချေယျကပ် ၄-ပါး
ပြင်ဆင်ရန်အသင်္ချေယျကပ်ကား ယင်းမဟာကပ်၏ ၄-ပုံ ၁-ပုံ ရှိသည်။ ထို၄-မျိုးသောကပ်တွင် အသင်္ချေယျကပ်သည်
- (၁) သံဝဋ္ဋအသင်္ချေယျကပ်၊
- (၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်၊
- (၃) ဝိဝဋ္ဋအသင်္ချေယျကပ်၊
- (၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဟူ၍ ၄-ပါးရှိ၏။
ထိုတွင်
- (၁) ကမ္ဘာဖျက်မိုးရွာသည်မှစ၍ သင်္ခါရ မကြွင်း ဟင်းလင်း ဖြစ်သည့် တိုင်အောင် ပျက်ဆဲကပ်သည် သံဝဋ္ဋအသင်္ချေယျကပ် မည်၏။
- (၂) ဟင်းလင်းဖြစ်စမှ စ၍ ကမ္ဘာပြုမိုး ရွာစ တိုင်အောင် အပျက်တည်ဆဲကပ်သည် သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။
- (၃) ကမ္ဘာပြုမိုး ရွာစမှစ၍ တပေါင်း လပြည့်နေ့ နေ လ နက္ခတ် ပေါ်သည်တိုင်အောင် ဖြစ်ဆဲကပ်သည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏။
- (၄) နေ လ နက္ခတ် ပေါ်သည်မှ စ၍ ကမ္ဘာပျက်မိုး ရွာစတိုင်အောင် ဖြစ်ပြီး၍ တည်ဆဲ ဖြစ်သော ကပ်သည် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။ ယခုအချိန်အခါသည် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ပင် ဖြစ်သည်။ [၃] [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ အသင်္ချေယျကပ္ပ(ပု) [အသင်္ချေယျ+ကပ္ပ]
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၃
- ↑ အသင်္ချေယျကပ္ပေါတိ စ ယောဇနာယာမဝိတ္ထာရတော သေတသာသပရာသိတော ဝဿသတဝဿတစ္စယေန ဧကေကဗီဇဿ ဟရဏေန သာသပရာသိနော ပရိက္ခယေပိ အက္ခယသဘာဝဿ မဟာကပ္ပဿ စတုတ္ထဘာဂေါ။ ဝိဘာဝိနီ၊၁၆၈။ (ဒီ၊ဋ္ဌ၊၃၊၂၂၈-၉။ စရိယာ၊ဋ္ဌ၊၁၀-၁။) သံဝဋ္ဋော သံဝဋ္ဋဋ္ဌာယီ ဝိဝဋ္ဋော ဝိဝဋ္ဋဋ္ဌာယီတိ ကပ္ပဿ စတ္တာရိ အသင်္ချေယျာနိ။ တတ္ထ သံဝဋ္ဋနံ ဝိနဿနံ သံဝဋ္ဋာ၊ ဝိနဿမာနော အသင်္ချေယျကပ္ပေါ။ သာရတ္ထ၊၁၊၂၇၇။ (ဝိမတိ၊၁၊၈ဝ-လည်း ကြည့်။) မဟာကပ္ပဿ ဟိ စတုတ္ထဘာဂေါ အသင်္ချေယျကပ္ပေါ။ ဝိမတိ၊၁၊၂၉၅။ ဟီနံ ပန ပဌမဇ္ဈာနံ မဇ္ဈိမဉ္စ သင်္ချေယျကပ္ပဿ တတိယံ ဘာဂံ, ဥပဍ္ဎကပ္ပဉ္စ အာယုံ ဒေတိ။ ဒီ၊ဋီ၊၁၊၃၃၅။