[၁] အသင်္ချေယျကပ်၊ နှစ်ပေါင်း ဤရွှေ့ ဤမျှ ရှိ၏ဟု ရေတွက်မှန်းဆ၍ မဖြစ်နိုင်လောက် အောင် ရှည်လျားသော-ကပ်–အချိန် ကာလ။[၂]

ကပ် ၄-မျိုး ပြင်ဆင်ရန်

ယင်း-အသင်္ချေယျကပ်သည် ကပ် ၄-မျိုးတွင် အပါအဝင်ဖြစ်သည်။ ကပ်၄-မျိုးမှာ

  • (၁) အာယုကပ်၊
  • (၂) အန္တရကပ်၊
  • (၃) အသင်္ချေယျကပ်၊
  • (၄) မဟာကပ် ဖြစ်၏။ [၂]

တစ်ကမ္ဘာ ပြင်ဆင်ရန်

ထိုတွင်

  • (၁) ကာလအားလျော်စွာ သတ်မှတ်ထားသော အသက် အပိုင်းအခြားသည် အာယုကပ် မည်၏။
  • (၂) အသင်္ချေတမ်းမှ တဖြေးဖြေးဆုတ်၍ ၁၀-နှစ်တမ်းတိုင်အောင်, ၁၀-နှစ်တမ်းမှ တရွေ့ရွေ့ တက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် အန္တရကပ် မည်၏၊
  • (၃) အန္တရကပ် ၆၄-ကပ်သည် တနည်း အန္တရကပ် ၂၀သည် အသင်္ချေယျကပ် မည်၏။
  • (၄) အသင်္ချေယျ ကပ် ၄-ကပ်သည် မဟာကပ် (တစ်ကမ္ဘာ) မည်၏။ [၂]

တစ်ကမ္ဘာကြာချိန် ပြင်ဆင်ရန်

မဟာကပ် ပမာဏကား အလျားအနံ တယူဇနာရှိသော မုန်ညင်းဖြူစေ့ပုံမှ အနှစ် တရာပြည့်သောအခါ၌ တစေ့ယူ၍ ပစ်သော် မုန်ညင်းစေ့ပုံသည် ကုန်ရာ၏၊ မဟာကပ်ကား မကုန်ဆုံးနိုင်ရာ၊ ဤမျှ ပမာဏရှိ၏။ [၂]

အသင်္ချေယျကပ် ၄-ပါး ပြင်ဆင်ရန်

အသင်္ချေယျကပ်ကား ယင်းမဟာကပ်၏ ၄-ပုံ ၁-ပုံ ရှိသည်။ ထို၄-မျိုးသောကပ်တွင် အသင်္ချေယျကပ်သည်

  • (၁) သံဝဋ္ဋအသင်္ချေယျကပ်၊
  • (၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်၊
  • (၃) ဝိဝဋ္ဋအသင်္ချေယျကပ်၊
  • (၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဟူ၍ ၄-ပါးရှိ၏။

ထိုတွင်

  • (၁) ကမ္ဘာဖျက်မိုးရွာသည်မှစ၍ သင်္ခါရ မကြွင်း ဟင်းလင်း ဖြစ်သည့် တိုင်အောင် ပျက်ဆဲကပ်သည် သံဝဋ္ဋအသင်္ချေယျကပ် မည်၏။
  • (၂) ဟင်းလင်းဖြစ်စမှ စ၍ ကမ္ဘာပြုမိုး ရွာစ တိုင်အောင် အပျက်တည်ဆဲကပ်သည် သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။
  • (၃) ကမ္ဘာပြုမိုး ရွာစမှစ၍ တပေါင်း လပြည့်နေ့ နေ လ နက္ခတ် ပေါ်သည်တိုင်အောင် ဖြစ်ဆဲကပ်သည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏။
  • (၄) နေ လ နက္ခတ် ပေါ်သည်မှ စ၍ ကမ္ဘာပျက်မိုး ရွာစတိုင်အောင် ဖြစ်ပြီး၍ တည်ဆဲ ဖြစ်သော ကပ်သည် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် မည်၏။ ယခုအချိန်အခါသည် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ပင် ဖြစ်သည်။ [၃] [၂]

ကိုးကား ပြင်ဆင်ရန်

  1. အသင်္ချေယျကပ္ပ(ပု) [အသင်္ချေယျ+ကပ္ပ]
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၃
  3. အသင်္ချေယျကပ္ပေါတိ စ ယောဇနာယာမဝိတ္ထာရတော သေတသာသပရာသိတော ဝဿသတဝဿတစ္စယေန ဧကေကဗီဇဿ ဟရဏေန သာသပရာသိနော ပရိက္ခယေပိ အက္ခယသဘာဝဿ မဟာကပ္ပဿ စတုတ္ထဘာဂေါ။ ဝိဘာဝိနီ၊၁၆၈။ (ဒီ၊ဋ္ဌ၊၃၊၂၂၈-၉။ စရိယာ၊ဋ္ဌ၊၁၀-၁။) သံဝဋ္ဋော သံဝဋ္ဋဋ္ဌာယီ ဝိဝဋ္ဋော ဝိဝဋ္ဋဋ္ဌာယီတိ ကပ္ပဿ စတ္တာရိ အသင်္ချေယျာနိ။ တတ္ထ သံဝဋ္ဋနံ ဝိနဿနံ သံဝဋ္ဋာ၊ ဝိနဿမာနော အသင်္ချေယျကပ္ပေါ။ သာရတ္ထ၊၁၊၂၇၇။ (ဝိမတိ၊၁၊၈ဝ-လည်း ကြည့်။) မဟာကပ္ပဿ ဟိ စတုတ္ထဘာဂေါ အသင်္ချေယျကပ္ပေါ။ ဝိမတိ၊၁၊၂၉၅။ ဟီနံ ပန ပဌမဇ္ဈာနံ မဇ္ဈိမဉ္စ သင်္ချေယျကပ္ပဿ တတိယံ ဘာဂံ, ဥပဍ္ဎကပ္ပဉ္စ အာယုံ ဒေတိ။ ဒီ၊ဋီ၊၁၊၃၃၅။