(၄)သုတ် ရှိပါသည်။

[၁] ရရှိသမျှဖြင့် မရောင့်ရဲ တင်းမတိမ်နိုင်သောသူအား မဖြစ်သေးသော အကုသိုလ် တရားတို့ ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးသောကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။ မဖြစ်သေးသော အကုသိုလ်တရားတို့ဖြစ်ရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ ဆုတ်ယုတ်ရန် အသန္တုဋ္ဌိတာမှတပါး အခြားတစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] မရောင့်ရဲနိုင်မှု “အသန္တုဋ္ဌိတာ မှတပါး များစွာသော အကျိုးမဲ့ကို ဖြစ်ပေါ်စေနိုင်သော အခြားတစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] မိမိကိုယ်တွင်း၌ဖြစ်သော အကြောင်းဖြစ်ခြင်းကြောင့် များစွာသောအကျိုးမဲ့ကို ဖြစ်ပေါ်စေနိုင်သော အသန္တုဋ္ဌိတာ-မှတပါး အခြားတစ်ခုသော တရားကိုမျှ မြင်တော် မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ပျောက်ပျက်စေခြင်းငှာ, ကွယ်ပစေခြင်းငှာ ဖြစ်သော “အသန္တုဋ္ဌိတာ” မှတပါး အခြားတစ်ခုသော တရားကိုမျှ ငါးဘုရား မြင်တော် မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၁။ အံ၊မြန်၊၁၊၁၅။ အံ၊ဋ္ဌ၊၁၊၅၉။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၇-ဝီရိယာရမ္ဘာဒိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၁၅။ အံ၊မြန်၊၁၊၂၀။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၉-ပမာဒါဒိဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. -အံ၊၁၊၁၇။ အံ၊မြန်၊၁၊၂၃။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ သတ္တမသုတ်။
  4. -အံ၊၁၊၁၈။ အံ၊မြန်၊၁၊၂၄။ -အင်္ဂုတ္တရနိကာယ၊ ... တေဝီသတိမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ