အသာဓရဏဉာဏ်တော် ၆-ပါး
အ သာဓရဏဉာဏ်တော် ၆-ပါး။ ပစ္စကေဗုဒ္ဓါ ရဟန္တာ ဟူသမျှတို့နှင့်မဆိုင်။ ဘုရားပိုင်သက်သက်ဖြစ်သော ဉာဏ်တော်များ၊
- (၁) သတ္တဝါတို့၏အလိုအာသာဟူသမျှကို သိသောဉာဏ်၊
- (၂) သတ္တဝါတို့၏ဣန္ဒြေ ရင့်မရင့်ကို ထောက်ချင့်သိမြင်နိုင်သောဉာဏ်။
- (၃) တရားအကုန်ကို စုံအောင်သိသောဉာဏ်။
- (၄) ညေယျငါးအင်ကို သိမြင်တော်မူရာ၌ အပိတ်အပင်အတားအဆီးမရှိသောဉာဏ်။
- (၅) တန်ခိုး ပြာဋိဟာ ပြရာ၌ လေ့လာပြီးရှိသောဉာဏ်။
- (၆) သတ္တဝါတို့ကို လွန်စွာသနားတော်မူသော ဉာဏ်၊ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း