အသုံးပြုသူ:Htet Thurein Win13/အသေးစားငွေရေးကြေးရေးလုပ်ငန်း

အသေးစားငွေရေးကြေးရေးလုပ်ငန်းကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကနဦးပိုင်းတွင် တိကျရှင်းလင်းသော ဖွင့်ဆိုချက်များစွာမရှိချေ။ ၄င်းအဓိပ္ပါယ်ကို ဖွင့်ဆိုရာတွင် "ပမာဏနည်းပါးသော ချေးငွေပမာဏကို ဘဏ်လုပ်ငန်းနှင့် မထိတွေ့နိုင်သည့် နွမ်းပါးသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းအငယ်စားများကို ငွေရေးကြေးရေးဝန်ဆောင်မှုပေးခြင်းဟု အဓိပ္ပါယ်ဖွင့်သည်။ ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် ဝန်ဆောင်မှုပေးရာတွင် နည်းလမ်းနှစ်သွယ်ကို အသုံးချပါသည်။ (၁) တစ်ဦးတစ်ယောက်ခြင်းဝန်ဆောင်မှု- တစ်ဦးတစ်ယောက်ခြင်းစီကို ပုဂ္ဂိုလ်ချင်းရင်းနှီးမှု၊ ယုံကြည်ရမှုအရ  ချေးပေးခြင်း (၂) အဖွဲ့လိုက်ဝန်ဆောင်မှု- ချေးယူလိုသူများက အုပ်စုလိုက် အပြန်အလှန်အာမခံခြင်းစနစ်ဖြင့် ချေးငွေနှင့် ဝန်ဆောင်မှုကို လျောက်ထားခြင်းတို့ ဖြစ်သည်။

အချိန်နှင့်အမျှ အသေးစားချေးငွေလုပ်ငန်းသည် နွမ်းပါးသူများနှင့် လူ့အသိုင်းအဝိုင်းမှ အမေ့လျော့ခံလူများ (သို့မဟုတ်) အိမ်ထောင်စုများကို အဖိုးအခသင့်တင့်သော၊ အရည်အသွေးမြင့်မားသော ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို လက်လှမ်းမီအောင် ဖန်တီးထားသည့် ကဏ္ဍတစ်ခုဖြစ်ရေး လှုပ်ရှားမှုအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဟု ဆိုရာတွင် ငွေစုခြင်းအာမခံလုပ်ငန်းငွေပေးချေခြင်းဝန်ဆောင်မှုနှင့် ငွေလွှဲခြင်း တို့လည်းပါဝင်ပါသည်။ အဆိုပါလှုပ်ရှားမှုကို လှုံဆော်ကြသူများသည် ငွေကြေးမပြည့်စုံသူများကို အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် ထိတွေ့လက်တွဲစေပြီး ဆင်းရဲမွဲတေမှုမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်နေကြပါသည်။ အများစုအတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ဒေသစီးပွားဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားလုပ်ငန်းရှင်များကို အားပေးကူညီခြင်းအားဖြင့် ဖွံဖြိုးတိုးတက်စေမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြပြီး အနည်းငယ်သောလူအချို့ကတော့ အဆိုပါလုပ်ငန်းသည် ငွေကြေးမပြည့်စုံသူများ၏ နေ့စဉ်ငွေရေးကြေးရေးစီမံခန့်ခွဲမှုကို ထိရောက်သောအကူအညီဖြစ်ပြီး ဆုံးရှုံးနိုင်ချေအနည်းငယ်ကို လက်ခံပြီး စိးပွားရေးအခွင့်အလမ်းကို အမိအရထိန်းချုပ်ရန်အခွင့်အလမ်းဟု ထင်မြင်ကြပါသည်။ ယခုလုပ်ငန်းအတွက် အခေါ်အဝေါ်သည်လည်း အသေးစားချေးငွေမှ အသေးစားငွေရေးကြေးရေး၊ အသေးစားငွေရေးကြေးရေးမှ "ခြုံငုံနိုင်သော ငွေရေးကြေးရေးဝန်ဆောင်ခြင်း"ဟု အချိန်နှင့်အမျှ အဆင့်ဆင့်ပြောင်းလဲလာခဲ့သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင်အသေးစားချေးငွေလုပ်ငန်းအပြင် အမျိုးမျိုးသောဝန်ဆောင်မှုများပါဝင်သည်။ အသေးစားချေးငွေသည် ငွေကြေးမပြည့်စုံသူများကို ချေးငွေဝန်ဆောင်မှု ပေးခြင်းသာဖြစ်သောကြောင့် ငွေရေးကြေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သော်ငြားလည်း အဆိုပါအခေါ်အဝေါ်နှစ်ခုကို အမြဲလိုလို အမှတ်မှား ရှုတ်ထွေးတတ်သည်။ ဝေဖန်ရေးသမားများသည် အသေးစားချေးငွေ၏ အားနည်းချက်သည် အကြွေးဝန်ပိမှုကို ဖြစ်စေသည်ဟု အမြဲလိုလို ထောက်ပြကြသည်။ အမှန်စင်စစ်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုများ၏ သဘောသဘာဝအရ ၄င်း၏ အကျိုးသက်ရောက်မှုများကို တရားသေကောက်ချက်ချ ဆုံးဖြတ်ရန် မဖြစ်နိုင်သည့်အပြင် မပြည့်စုံနိုင်ပါ။ ၄င်းကို ထောက်ခံအားပေးသူများကတော့ အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ငွေရေးကြေးရေးမပြည့်စုံသူများကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်သည်ဟု အမြဲပြောတတ်ကြသော်လည်း လက်တွေ့အထောက်အထားများတွင် အဆိုးနှင့်အကောင်း ယှဉ်တွဲနေပါသည်။ ငွေရေးကြေးရေးဝန်ဆောင်မှု၏ ရည်ရွယ်ချက်ကို မေးလျှင် ငွေရေးကြေးရေး ခြုံငုံနိုင်အောင်ဝန်ဆောင်မှုခြင်းကို မြှင့်တင်ရန်ဟု ဖြေရမည်။ 

အသေးစားငွေရေးကြေးရေး၏ စံနှုန်းများနှင့် မူဝါဒများ ပြင်ဆင်ရန်

 
အိန္ဒိယအမျိုးသမီးများ ဝါးနှင့်လုပ်သော ပစ္စည်းများကို အရောင်းအဝယ်လုပ်ရန် စုဝေးနေကြပုံ

ငွေရေးကြေးရေးမပြည့်စုံသူများသည် အများအားဖြင့် တရားမဝင် ငွေချေးသူများတွင် ငွေချေးလေ့ရှိပြီး တရားမဝင် စုဆောင်းသူများထံတွင် ငွေစုတတ်သည်။ ၄င်းတို့သည် ငွေအဖြစ် ချေးငွေနှင့် အလှူငွေများမှတစ်ဆင့်ရရှိကြသည်။ နိုင်ငံပိုင် အာမခံလုပ်ငန်းများမှ အာမခံကို ရယူကြသည်။ တရားဝင် သို့မဟုတ် တရားမဝင်ငွေလမ်းကြောင်းမှ ငွေလွှဲကြသည်။ အဆိုပါ ဝန်ဆောင်မှုများသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့၏ အလုပ်လုပ်ပုံနှင့် များစွာ မကွာခြားလှချေ။ ငွေကြေးမပြည့်စုံသူများကို ငွေရေးကြေးရေးဝန်ဆောင်မှုလက်လှမ်းမီနိုင်ရေး သေချာစေရန် အကောင်းဆုံးနည်းလမ်းသည် ၄င်းတို့လက်လှမ်းမီနိုင်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ အရေအတွက် တိုးချဲ့ပေးခြင်းနှင့် ၄င်းအဖွဲ့အစည်းများ၏ အရည်အသွေးကို မြှင့်တင်ရေးဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ငွေရေးကြေးရေးအဖွဲ့အစည်းအမျိုးအစားများ စုံနိုင်သမျှစုံအောင် အားထုတ်မှုများ ရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းအမျိုးမျိုးသည် လိုအပ်ချက်အမျိုးမျိုးကို ဝန်ဆောင်မှုပေးနိုင်သောကြောင့်ဖြစ်သည်။


အချို့မူဝါဒများသည် ၂၀၁၄ခုနှစ်တွင် ရာစုနှစ်တစ်ခုနှင့် တစ်ဝက်စာ အတွေ့အကြုံအနှစ်ချုပ်အဖြစ်  CGAP က ဖော်ပြခဲ့ပြီး ဇွန်လ ၂၀ရက် ၂၀၀၄ခုနှစ် G8 ထိပ်သီးအစည်းအဝေးပွဲတွင် ခေါင်းဆောင် ရှစ်ဦးက ထောက်ခံအတည်ပြုခဲ့သည်။ :

  1. နွမ်းပါးသူများ၏ ငွေရေးကြေးရေးလိုအပ်ချက်သည် ချေးငွေသက်သက်မဟုတ် ငွေစုခြင်းအာမခံလုပ်ငန်းနှင့် ငွေလွှဲခြင်း ဝန်ဆောင်မှုများလည်း ပါဝင်သည်။
  2. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နွမ်းပါးသော အိမ်ထောင်စုများအတွက် ဝင်ငွေတိုးတက်စေခြင်းနှင့်အတူ ပိုင်ဆိုင်မှုများ တိုးတက်စေခြင်းနှင့် ၄င်းတို့ မထင်မှတ်ထားသည့် ငွေကြေးကြပ်တည်းချိန်တွင် အားကိုးရာအဖြစ် အသုံးဝင်စေရမည်။
  3. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကိုယ့်ဝင်ငွေအပေါ်တွင် ရပ်တည်နိုင်သည်။ အလှူရှင်များနှင့် အစိုးရ၏ ထောက်ပံ့ငွေများသည် ရှားပါးပြီး သေချာမှုမရှိသောကြောင့် ငွေရေးကြေးရေးအဖွဲ့များသည် နွမ်းပါးသူများများကို ဝန်ဆောင်မှုပေးနိုင်ရန် အသေးစားငွေရေးကြေးရေးလုပ်ငန်းများသည် ကိုယ်ဝင်ငွေအပေါ်ကိုယ် ရပ်တည်နိုင်ရမည်။
  4. အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုသည်မှာ အမြဲတည်တံ့နိုင်သော ဒေသအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ရမည်။
  5. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နိုင်ငံ၏ နွမ်းပါးသော လူထု၏ ငွေရေးကြေးရေးဝန်ဆောင်မှုလိုအပ်ချက်ကို ဖြည့်စည်းသည့်လုပ်ငန်းနှင့်အတူ နိုင်ငံ၏ ငွေရေးကြေးရေးစနစ်ထဲတွင် စနစ်တကျ ပေါင်းစည်းနိုင်ရမည်။
  6. အစိုးရ၏အလုပ်သည် ငွေရေးကြေးရေးဝန်ဆောင်မှုများကို ခွင့်ပြုပေးရန်ဖြစ်ပြီး ထောက်ပံ့ရန် မဖြစ်စေရ။
  7. အလှူရှင်များ၏အလှူငွေများသည် ပင်မငွေရင်းထောင်ပေးရန်သာဖြစ်သင့်သည်။ အခြားတစ်ခုနှင့် ယှဉ်ပြိုင်ရန် မဖြစ်သင့်ပါ။
  8. ဤလုပ်ငန်း၏ တိုးတက်မှုကို ကြန့်ကြာစေသော အကြောင်းအရင်းမှာ အဖွဲ့အစည်းကောင်းများနှင့် မန်နေဂျာကောင်းများ ရှားပါးခြင်း ဖြစ်သည်။ အလှူရှင်များသည် ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးကို အလေးထားသင့်သည်။
  9. အမြင့်ဆုံးအတိုးနှုန်းပမာဏသတ်မှတ်ခြင်းသည် အသေးစားငွေရေးကြေးရေးအဖွဲ့များကို လုပ်ငန်းစရိတ်မကျေစေတတ်သောကြောင့် ချေးငွေရောင်းလိုအားကျဆင်းကာ နွမ်းပါးသူတို့ကို သွယ်ဝိုက်ထိခိုက်စေသည်။
  10. ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ငွေရေးကြေးရေးတင်မကပဲ လူမှုရေးတိုးတက်မှုကိုပါ တိုင်းတာဖော်ပြသင့်သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရန် လှေခါးထစ်ဖြစ်သင့်ပြီး အလှူငွေနှင့် ရှင်းရှင်းလင်းလင်း ကွဲပြားသင့်သည်။ အလွန်တရာ ငွေကြေးခက်ခဲသော သို့မဟုတ် နွမ်းပါး၍ ချေးငွေတစ်ခုကို ပြန်ဆပ်ရန် လုံးဝမတတ်နိုင်သော မိသားစုများသာ အလှူငွေကို လက်ခံသင့်ပါသည်။ ထိုအခြေအနေနှင့် အကျုံးမဝင်သူများသည် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဝန်ဆောင်မှုပေးသင့်သည်။ 

Notes ပြင်ဆင်ရန်

[[Category:လူမှုစီးပွားရေး]]