ဒူးရင်းပင်စည်နှင့် အမြစ်ပုပ်ရောဂါ

ကျရောက်ရာဒေသ

ဒူးရင်းစိုက်ပျိုးရာဒေသများ

ရောဂါပင်ပြလက္ခဏာ

အရွက်မျက်နှာပြင် အစိမ်းရောင်ဖျော့ဝါကာ ကြွေကျသွားသည်။ အကိုင်း၊ ပင်စည်များ၌ ရောဂါစကျပါကရေစိုနာမှ စတင်ဖြစ်ပေါ်ပြီး ညိုမဲရောင်ပြောင်းသွားသည်။ အနာကွက်များ အကိုင်း၊ ပင်စည်သို့ တစ်ပတ်ရစ် ပတ်သည်ထိ ကြီးထွားလာပြီး အရွက်ကြေကာ အကိုင်း၊ အခက်၊ ပင်စည်များခြောက်သေခြင်းထိ ဖြစ်လာတတ်သည်။ ရောဂါကျ အမြစ်များလည်း ဆွေးမြေ့ပုပ်ဆွေးပျက်စီးသွားသည်။

ရောဂါဖြစ်စေသက်ရှိ

* Phytophthora palmivora

ကာကွယ်နှိမ်နင်းနည်းများ

၁။ ကော့ပါးပါ၀င်သော မှိုသတ်ဆေးနှင့် Metalaxyl တို့ကို အပင်ငယ်တွင် ပက်ဖျန်းနိုင်ပြီး အပင်ကြီး၌ မြေကြီးပတ်လည်လောင်းရန်ဖြစ်သည်။

၂။ အထိရောက်ဆုံးနည်းမှာ ဖော့စဖော့ရစ်အက်ဆက် (phosphorous acid) အား ရောဂါကျပင်စည်တွင်းသို့ထိုးသွင်းပါ။ မထိုးသွင်းမီပိုတက်စီယမ် ဟိုက်ဒြောက်ဆိုက် (potassium hydroxide) နှင့် ရောစပ်၍ Ph-6 (အချဉ်အငန်ဓာတ် ၆) ရရှိရေးအတွက် ဦးစွာပြုလုပ်ရန် အရေးကြီးပါသည်။ ရောစပ်ပြီးတစ်ဆနှင့် ရေသန့်တစ်ဆ ထပ်မံရောစပ်ပြီး အပင်ရွက်အုပ်အချင်း ၃ ပေလျှင် ၁၅ စီစီနှုန်းဖြင့် သွင်းရပါမည်။

၃။ ပင်စည်ထိုးပိုးကိုလည်း ဂရုစိုက်ရှာဖွေနှိမ်နင်းပါ။

Crd>>သီးနှံပင် ရောဂါများ