(TEST)

ကျောင်းနေဖော်

  •    - ဆယ်ကျော်သက်ဘဝ
  •   ပျော်ခဲ့ကြသည့်၊  ငယ်ကတို့ကျောင်း
  •   အရိပ်ဟောင်းအောက်၊ ရောက်ခဲ့ပြန်ပြီ
  •   ပြန်လည်လွမ်းသ၊ သတိရမိ
  •   ငယ်ကကျွမ်းသည့်  ကျောင်းနေဖော်။
  •     - ငှက်တစ်အုပ်လည်း
  •   သုတ်သုတ်ထပျံ
  •   အော်မြည်သံပေး  ဟိုအဝေးဆီ--- ။
  •   - လေပွေရူးလည်း
  •   ဆော့မြူးတိုက်ခတ်
  •   တဖျတ်ဖျတ်ချွေ  ရွက်ဝြွေါကသို့--- ။
  •    သြော်- -
  • ညောင်ညိုပင်အောက်
  • ရောက်ခဲ့ပြန်ပြီ၊ ရာသီကူးပြောင်း
  • အတိတ်ဟောင်းလည်း၊ မနှောင်းသစ်သစ်
  • ငယ်ကျွမ်းချစ်မို့၊ ရင်နှစ်စွဲလန်း
  • သည်းဦးပန်းကြောင့်
  • အလွမ်းဇာတ်ရှိန်  မြင့်ဆဲကို။  ။

                                                နန္ဒာမင်းလွင်