အသုံးပြုသူ:Okka Myint/Myanmar Society for Human Resource Management

MSHRM (Myanmar Society for Human Resource Management)

MSHRM (Myanmar Society for Human Resource Management) မြန်မာနိုင်ငံလူ့စွမ်းအားစီမံခန်ံ့ခွဲမှုပညာအသင်း သည် ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော ငွေကြေးအကျိုးအမြတ်မမျှော်ကိုးသည့် ပညာရပ်ဆိုင်ရာအသင်းအဖွဲ့တစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံအခြေစိုက် SHRM (Society for Human Resource )https://www.shrm.org/ နှင့် UK အခြေစိုက် CIPD (Chartered Institute of Personnel and Development )https://www.cipd.co.uk/ တို့ကဲ့သို့ မြန်မာနိုင်ငံတွင် လူ့စွမ်းအားစီမံခန့်ခွဲမှုပညာရပ် (Human Resource Management) ထွန်းကားရေးနှင့် ပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များ‌ဆောင်ရွက်ရန် သီးခြားအသင်းအဖွဲ့တစ်ခုထူထောင်ရန် ဦးတည်၍ HR Professional များ စုစည်းထူထောင်ခဲ့ကြခြင်းဖြစ်ပါသည်။

အသင်းကိုထူထောင်ခဲ့ကြသူများ

MSHRM အသင်းကြီးအား ဦးဆောင်ထူထောင်သူမှာ နာယကမှာ မြန်မာနိုင်ငံ၏ စီမံခန့်ခွဲမှုပညာရပ်ဆိုင်ရာ ဂုရုကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်ဖြစ်ပြီး စတင်ထူထောင်ချိန်မှ ယနေ့တိုင် အသင်း၏ နာယကအဖြစ် ထမ်းဆောင်လျှက်ရှိပါသည်။ အသင်း၏ ဥက္ကဌမှာ HR Consultant နှင့် Trainer တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ စာရေးသူတစ်ဦးဖြစ်သူ ဦးတင်မောင်သိန်းဖြစ်ပါသည်။ အသင်း၏ ဒုဥက္ကဌမှာ ဦးအုန်းဝမ်ဖြစ်ပြီး Chief HR Officer နှင့် စာရေးသူတစ်ဦးဖြစ်ပါသည်။ အသင်းတွင် အထွေထွေအတွင်းရေးမှူး (၃)ဦးရှိပြီး အသင်း၏ စီမံခန့်ခွဲမှုတာဝန်များကို မျှဝေထမ်းဆောင်လျှက်ရှိကြပါသည်။ အထွေထွေအတွင်းရေးမှူး(၃)ဦးမှာ ဦးဥက္ကာမြင့် (HR & Business Consultant နှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာရေးသူ) ၊ ဦးသန်းစိုး (HR Journal ထုတ်ဝေသူနှင့် စာရေးသူ)၊ ဦးညီညီမောင် (Ever up Management College ကို ထူထောင်သူ နှင့် CEO) တို့ဖြစ်ကြပါသည်။

အသင်း၏ရည်ရွယ်ချက်

(၁)မြန်မာနိုင်ငံရှိ HR Professional များ စုစည်းရာ အသင်းအဖွဲ့တစ်ခုအဖြစ် ရပ်တည်ပြီး ထိုသူများကို အထောက်အပံ့များရစေရန်၊ (၂)HRM ပညာ ဆထက်တပိုး တိုးပွားလာစေရန်၊ (၃)မျိုးဆက်သစ် HR Professional များစွာ မွေးထုတ်ပေးနိုင်ရန်၊ (၄) HRM ပညာများ ပိုမိုတိုးတက်လာပြီး ၎င်းနှင့် ဆက်စပ်၍ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာများ ပိုမိုတိုးတက်လာစေရန် နှင့် (၅) HRM ပညာဖြင့် နိုင်ငံ့အကျိုး ဆထက်တိုးထမ်းဆောင်နိုင်စေရန် ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် MSHRM အသင်းကြီးကို ထူထောင်၍ ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

အသင်းကြီး၏ လုပ်ငန်းစဉ်များ

MSHRM အသင်းကြီးအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များကိုဆောင်ရွက်ပေးလျှက်ရှိပါသည်- (၁) HRM ပညာထွန်းကားပြန့်ပွားလာစေရေးအတွက် ပညာရှင်များကို ဖိတ်ခေါ်၍ ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကို ပုံမှန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ (၂) အလုပ်သမားဥပဒေများ ပိုမိုကောင်းမွန်ပြည့်စုံလာစေရေးအတွက် တတ်အားသရွေ့ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ (၃) HRM ဆိုင်ရာ ပညာရပ်များကို ခေတ်နှင့်အညီလေ့လာနိုင်ကြစေရန် နိုင်ငံတကာမှ သင်ကြားရေးအစီအစဉ်များကို ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ (၄) HRM ဆိုင်ရာများအနက် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးလျှက်ရှိပြီး ဆွေးနွေးမှုများကို စီစဥ◌်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ (၅) လူငယ်များ HRM ပညာကို ပိုမို စိတ်ဝင်စားလာစေရန်နှင့် HRM ပညာ၏ တန်ဖိုးကို ပိုမိုသိရှိနားလည်ပြီး လေ့လာဆောင်ရွက်နိုင်ကြစေရန် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။