အန်းနီးကောလ်မိုဘိုင်းလ် (အင်္ဂလိပ်: Anycall Mobile ) သည် မန္တလေးမြို့၌ အခြေစိုက်ပြီး မြန်မာနိုင်ငံတွင် ဆိုင်ခွဲများဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ မိုဘိုင်းလ်ဖုန်းများနှင့် စမတ်ဖုန်းဆက်စပ်ပစ္စည်းများ လူသုံးလျှပ်စစ်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ရန်ကုန်မြို့၌ (၅)ဆိုင် မန္တလေးမြို့၌ (၆)ဆိုင် စုစုပေါင်း (၁၁)ဆိုင် ဖွင့်လှစ်ထားသည်။ မူလက King River International Trading Co.,Ltd အောက်တွင်MZ Myanmar, Samsung Customer Service တို့နှင့် အတူတူ ကုမ္ပဏီတစ်ခုအနေနှင့်တည်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် Anycall Mobile International Co., Ltd အဖြစ်ရပ်တည်နေပါသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်] ပြင်ဆင်ရန်

အန်းနီးကောလ်မိုဘိုင်းလ်ကို ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။

  • ၂၀၀၂ ခုနှစ် (၇၈ အန်းနီးကောလ်) - ၇၈လမ်း ၂၇လမ်း*၂၈လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ ။
  • ၂၀၀၈ ခုနှစ် (လှည်းတန်းအန်းနီးကောလ်) - ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှည်းတန်းမီးပွိုင့်နှင့်စံရိပ်ငြိမ်လမ်းကြား၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
  • ၂၀၁၀ ခုနှစ် (၈၄ အန်းနီးကောလ်) - ၈၂လမ်း ၊ ၄၂လမ်း*၄၅လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
  • ၂၀၁၄ ခုနှစ် (၆၂ အန်းနီးကောလ်) - ၆၂လမ်း၊ ၁၀၉လမ်း*၁၁၀လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
  • ၂၀၁၄ ခုနှစ် (၁၉ အန်းနီးကောလ်) - ၆၃လမ်း နှင့် ၁၉ လမ်းထောင့်၊ အောင်မြေသာဇံမြို့နယ် မန္တလေးမြို့။
  • ၂၀၁၇ ခုနှစ် (ပန်းဆိုးတန်းအန်းနီးကောလ်) - မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
  • ၂၀၁၉ ခုနှစ် (စက်မှုအန်းနီးကောလ်) - ၆၂လမ်း၊ ၁၃၃လမ်း*၁၃၄လမ်းကြား၊ စက်မှု(၁) ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
  • ၂၀၂၂ ခုနှစ် (မြန်မာပလာဇာအန်းနီးကောလ်) - မြန်မာပလာဇာ(ဒုထပ်)အခန်းမှတ်(၂)၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
  • ၂၀၂၂ ခုနှစ် (Terminal M အန်းနီးကောလ်) - အောင်မင်္ဂလာအဝေးပြေးကားဂိတ်အနီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
  • ၂၀၂၂ ခုနှစ် (ကမ္ဘာအေး အန်းနီးကောလ်ဒီဂျစ်တယ်စတိုး) - အမှတ်(၂၂ဘီ) ကမ္ဘာအေးဘုရားလမ်း၊​ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
  • ၂၀၂၃ ခုနှစ် (၃၅ အန်းနီးကောလ်ဒီဂျစ်တယ်စတိုး) - ၃၅လမ်း၊ ၆၈လမ်း*၆၉လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Anycall Mobile တွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအတွက် အသုံးဝင်နိုင်မည့် နည်းပညာနှင့်ပတ်သက်သောအကြောင်းအရာများကို တင်ဆက်ပေးနေသည့် Anycall TV Channel ရှိထားပြီး လက်ရှိတွင် T4U2 ဟု အမည်ပြောင်းထားသည်။

ပူးပေါင်းဆောင်ရွက်မှုများ[ပြင်ဆင်ရန်] ပြင်ဆင်ရန်

၂၀၂၀ ခုနှစ် မတ်လ (၁၄)ရက်နေ့တွင်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်ရတနာပုံဘဏ်နှင့် 2C2P Co.Ltd. တို့ ပူးပေါင်း

အကောင်အထည်ဖော်ထားသည့် Mobile Wallet တစ်ခုဖြစ်သည့် MSP Pay ကို ဖြစ်မြောက်ရေးတွင် အန်းနီးကောလ်မိုဘိုင်းလ်လည်းပါဝင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် Realme Myanmar နှင့် မန္တလေးမြို့ ၃၅ အန်းနီးကော ဒီဂျစ်တယ်စတိုးတွင် မိုဘိုင်းလက်ဂျန့် ကစားသမားများနှင့်အတူ Fun Match ပြိုင်ပွဲတစ်ခုကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် Tecno Mobile Myanmar နှင့် မိုဘိုင်းလ်လက်ဂျန့် ပရိုကစားသမားများဖြစ်သည့် AI Esport Team, Ace တို့နှင့်အတူ Fun Match ပြိုင်ပွဲကျင်းပခဲ့သည်။[၁]

ကိုးကားချက်များ[ပြင်ဆင်ရန်] ပြင်ဆင်ရန်

၁။ Anycall Mobile collaborate with Tecno Mobile Myanmar and Mobile Legend: Bang Bang Myanmar

၂။ Tecno Mobile Myanmar and Anycall Collaboration for Fun Match Event

  1. https://news-eleven.com/article/252381?fbclid=IwAR3YHm218ddK9CwPtA6_qv-XiJkr_dkSoBmpWJcTLvkeXhBpItW_4mrAKl8
  2. https://www.popularmyanmar.com/?p=125544
  1. https://news-eleven.com/article/252381?fbclid=IwAR3YHm218ddK9CwPtA6_qv-XiJkr_dkSoBmpWJcTLvkeXhBpItW_4mrAKl8