ယဉ်မင်းသီ

၁၉၇၆ခုနှစ် မေလ ၁၉ရက်နေတွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ကာ လက်ရှိတွင်လည်း ရန်ကုန်မြို့တွင်နေထိုင်နေသည်။

ဖခင်ဖြစ်သူမှာ ဦးသီဟ (အငြိမ်းစားရေတပ်ဗိုလ်မှုး ) ဖြစ်ပြီး မိခင်ဖြစ်သူမှာ ဒေါ်တင်တင်ဝင်း(အငြိမ်းစားကျောင်းဆရာမ) ဖြစ်သည်။

ဒေါ်ယဉ်မင်းသီမှာသမီးကြီးဖြစ်ပြီး ဒေါ်သုနှင်းဆီနှင့် ဦးအောင်အောင်သီဟ ဆိုသော မွေးချင်းညီမငယ်နှင့် မောင်ငယ် တို့ရှိသည်။

ဖခင်ဖက်မှ အဖိုးဖြစ်သူ မှာဦးမောင်မောင်ကြီး NLD (ဓါးလွတ်မောင်မောင်ကြီး) ဖြစ်ပြီး မိခင်ဘက်မှ အဖိုးဖြစ်သူမှာ ဦးတင်အေး (ရေစကြို) တည်မြဲဖဆပလ ဖြစ်သည်။

ဒုသမ္မတ ဦးမြင်ဆွေ၏ တူမအဖြစ် မီဒီယာအချို့တွင် မှားယွင်းဖော်ပြခံရသူလည်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ကမာရွတ် အထက(၂) စိန့်သြဂတ်စတင်း မှအထက်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ ရရှိခဲ့သည်။

[၁]တန်ဖိုးကြီးလက်ဝတ်ရတနာများကို ကိုယ်ပိုင်စိတ်ကူးဖြင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲဖန်တီးခြင်း အပြင် အဝတ်အစားဖက်ရှင်ဒီဇိုင်များကိုလည်း ကိုယ်တိုင်ရေးဆွဲဖန်တီးခြင်းများ လုပ်ကိုင်ဆောင်ရွက်နေကာ Emerald Boutique House ကိုပါ ဖွင့်လှစ်ထားသည်။

[၂]၂၀၀၃ခုနှစ်တွင် ဦးမောင်ဝိတ် နှင့်လက်ထပ်ခဲ့ပြီး ၂ဝဝ၇ခုနှစ်တွင် ကွာရှင်းခဲ့သည်။

  1. livingFashion Megazine september 7 2015
  2. [၁]