အာဆင်နယ်ဘောလုံးအသင်းဟာ Islington, လန်ဒန်မှာ အခြေစိုက်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ကစားနေပါတယ်။ အသင်းအနေနဲ့ အမှတ်ပေးဖလား (၁၃)ကြိမ်၊ အက်ဖ်အေဖလား (၁၃)ကြိမ်၊ လိဂ်ဖလား (၂)ကြိမ်၊ ကွန်မြူနတီဒိုင်း (၁၅)ကြိမ်၊ League Centenary Trophy (၁)ကြိမ် ၊ ယူအီးအက်ဖ်အေ Cup Winners 'Cup (၁)ကြိမ်နှင့် Inter-Cities Fairs Cup (၁)ကြိမ်တို့ကို ရယူထားပါတယ်။

၁၈၉၃ ခုနှစ်တွှင် အာဆင်နယ်အသင်းသည် အင်္ဂလန်တောင်ပိုင်းမှ ဘောလုံးလိဂ်သို့ ပထမဆုံးပူးပေါင်းခဲ့သည့် ဘောလုံးအသင်းဖြစ်သည်။ သူတို့ဟာ ၁၉၀၄ ခုနှစ်တွင် ပထမတန်း သို့ရောက်ရှိခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် တစ်ခါသာ ဒုတိယတန်းသို့တန်းဆင်းခဲ့ရပြီးနောက် သူတို့ဟာ ပထမတန်းမှာ အချိန်အကြာဆုံး ဆက်လက်ယှဉ်ပြိုင်ကစားနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်[၁]။အင်္ဂလိပ်ဘောလုံးသမိုင်းမှာလည်း ပထမတန်းလိဂ်ပွဲတွေကို ဒုတိယမြောက်နိုင်ပွဲအများဆုံးရယူထားနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်[၂]။ ၁၉၃၀ ဆယ်စုနှစ်တွင် အာဆင်နယ်သည် လိဂ်ချန်ပီယံ (၅)ကြိမ်နှင့်အက်ဖ်အေဖလား (၂)ကြိမ်ရယူထားသည်။ စစ်ပွဲပြီးသည့်နောက်တွင်လည်း အက်ဖ်အေဖလား (၁)ကြိမ်နှင့် လိဂ်ချန်ပီယံ(၂)ကြိမ် ထပ်မံရရှိခဲ့ပါသည်။ ၁၉၇၀-၁၁ရာသီတွင် သူတို့ရဲ့ ပထမဦးဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားနှင့် အက်ဖ်အေဖလားကို တစ်နှစ်ထဲအတွင်း နှစ်လုံးထပ်ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် နောက်ထပ်နှစ်လုံးထပ်(၂)ကြိမ်အပါအဝင် အမှတ်ပေးဖလား (၅)ခုနှင့် အက်ဖ်အေဖလား (၅)ခုကို ရယူနိုင်ခဲ့သည်။ သူတို့သည် ၂၀ ရာစုကို အမြင့်ဆုံးပျှမ်းမျှလိဂ်အဆင့်သတ်မှတ်ချက်ဖြင့် ပြီးဆုံးခဲ့သည်။ [၃]

ဟာဘတ်ချပ်မန်း သည်အာဆင်နယ်၏ပထမဆုံးသော ဆုဖလားကို ရယူပေးခဲ့ပေမယ့် အချိန်မတိုင်ခင် သေသွားခဲ့ပါတယ်။ သူသည် WM ကစားကွက်, floodlights နှင့် ရှပ်အင်္ကျီနံပါတ်များ, [၄]ကို အသင်းမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဖြူရောင်အင်္ကျီလက်နှင့်တောက်ပသောအနီရောင်တို့ကိုလည်း ကလပ်ဝတ်စုံမှာ ထည့်သွင်းခဲ့ပါတယ်။ အာဆင်ဝင်းဂါး သည်သက်တမ်းအရင့်ဆုံးသောမန်နေဂျာဖြစ်ပြီး ဆုဖလားအများဆုံလည်း ရရှိခဲ့သည်။ သူက အက်ဖ်အေဖလား(၇)လုံးရရှိခဲ့ပြီး ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ ဖလားရရှိခဲ့တဲ့သူ့အသင်းဟာ အင်္ဂလန်အဆင့်မြင့်တန်းမှာ အချိန်အကြာဆုံး(၄၉)ပွဲဆက်တိုက် မရှုံးအောင် ကစားထားနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။အဲဒီအသင်းဟာ "The Invincibles" "အနိုင်ယူမခံရသောအသင်း" လို့ နာမည်ပြောင်တွင်ခဲ့ပါတယ်။ [[ကဏ္ဍ:လန်ဒန်မြို့ရှိ ဘောလုံးအသင်းများ]] [[ကဏ္ဍ:အာဆင်နယ် ဘောလုံးအသင်း]]

  1. English Clubs Divisional Movements 1888–2016။ Rec.Sport.Soccer Statistics Foundation (23 June 2016)။ 5 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 August 2016 တွင် ပြန်စစ်ပြီး။
  2. England – First Level All-Time Tables။ Rec.Sport.Soccer Statistics Foundation (24 August 2017)။ 24 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2017 တွင် ပြန်စစ်ပြီး။
  3. "Football: How consistency and caution made Arsenal England's greatest"၊ 17 December 1999။ 13 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  4. Herbert Chapman။ National Football Museum။ 20 March 2016 တွင် ပြန်စစ်ပြီး။