ကျနော်သည် ၁၉၈၁ခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ြမို့တွင်မွေးဖွားခဲ့ပြီး ၁၉၉၈ခုနှစ်တွင် ကော့ကရိတ်မြို့အမှတ်(၁)အခြေခံပညာကျောင်းတွင် ဒဿမတန်းတက်ရောက်အောင်မြင်ခဲ့ပါသည်။၂၀၀၄ခုနှစ်တွင် ဘားအံတက္ကသိုလ်၌ B.Sc(Botany)ဘွဲ့ ရရှိခဲ့ပြီး၊ ၂၀၀၅ခုနှစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။

ကျနော်သည် ၂၀၁၂ခုနှစ်တွင်ဖွဲ့စည်းသော မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association(MJA)တွင် ကရင်ပြည်နယ်(အတွင်းရေးမှူးတာဝန်)ကိုထမ်းဆောင်နေပြီး၊ နိုင်ငံအကျိုးကို သတင်းအတတ်ပညာ ဖြင့် တတ်နိုင်သည့်ဘက်မှ တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးနေသူတစ်ဦးဖြစ်ပါသည်။

"ဦးမြတ်ကိုကိုလှိုင်/sandbox" ၏ အသုံးပြုသူစာမျက်နှာသို့ ပြန်သွားရန်။