ကာမဂုဏ်ချမ်းသာကို ပျော်ရွှင်စွာမခံစားရသော သတ္တဝါများဖြစ်ကြသည်။ ဘုံသီးခြားမရှိချေ၊ ၎င်းတို့နေသောအရပ်ကိုသာ အသူရကာယ်ဘုံ ဟု ခေါ်ကြသည်။ အသူရကာယ်များသည် ကာလကိဉ္စိက ပြိတ္တာ မျိုးပင်ဖြစ်သည်။ တောတောင်၊ သမုဒ္ဒရာ၊ မြစ်ကမ်း၊ သုဿန်များတွင် နေတတ်၍ အလွန်ဆာလောင်မွတ်သိပ်ကြသည်။ အချို့အသူရာများသည် ဘုရားနှစ်ဆူ၊ သုံးဆူ ပွင့်သည့်တိုင် တစ်ကြိမ်မျှ မစားမသောက်ကြရပေ။

အသူရာ (၅)မျိုးရှိသည်။

  1. ကာလကိဉ္စိကပြိတ္တာ အသူရကာယ် (ကာလကိဉ္စိက ပြိတ္တာများ)
  2. လောကန္တရိတ် အသူရကာယ် (လောကန္တရိတ် ငရဲသားများ) စကြဝဠာတံတိုင်းကို လင်းနို့များကဲ့သို့ ကုတ်ကပ်နေရသော ငရဲသားများ
  3. ဝေမာနိကပြိတ္တာ အသူရကာယ် (ငရဲထိန်း၊ ငရဲမင်းကြီးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
  4. ဝိနိပါတိက အသူရကာယ် (ဘုမ္မစိုးနတ်ကြီးများအား မှီခိုကပ်ယပ်ပြီးနေရသော တန်ခိုးဣဒ္ဓိပါဒ်နုံတဲ့ နတ်ကလေးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
  5. နတ်အသူရာ (မြင်းမိုရ်တောင်ခြေ သီဒါအတွင်းမှာ နေသည်။) မူရင်းအစကတာဝတိံသာနတ်မျိုး ဖြစ်သော်လည်း မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သောနတ်မင်းများ ရောက်လာချိန်မှစ၍ အသူရာနတ်(မူရင်းတာဝတိံသာရှိနတ်)တို့မှာ သေရည်မူးနေသဖြင့် ၃၃ယောက်သောနတ်မင်းတို့က မြင်းမိုရ်တောင်ခြေ၌နေရာချထားကြရာ အမူးပြေ၍အသိစိတ်ဝင်သောအခါ မြင်းမိုရ်တောင်ခြေရောက်နေသဖြင့် မကျေနပ်သဖြင့် တောင်ထိပ်က တာဝတိံသာနတ်များကို အမြဲစစ်တိုက်နေကြသည်။

နတ် အသူရာများတွင်လည်း-

  1. ဝေပစိတ္တီ နတ်အသူရာ
  2. သုဗလိ နတ်အသူရာ
  3. ရာဟု နတ်အသူရာ
  4. ပဟာရ နတ်အသူရာ
  5. သမ္ဗရတိ နတ်အသူရာ ဟု အမျိုးကွဲသေးသည်။

[]

ကျမ်းကိုး

ပြင်ဆင်ရန်
  1. ဦးမြတ်ကျော် ၃၁-ဘုံခရီးသည်