အသံဖလှယ်ခြင်း(transcription)ကို ဘာသာဗေဒအားဖြင့် အဓိပ္ပါယ်ဖွင့်မည်ဆိုလျှင် ဘာသာစကားတစ်ခုကို အရေးအသားပုံစံနှင့် စနစ်တကျ ကိုယ်စားပြု ဖေါ်ပြခြင်းဖြစ်သည်။ ဖေါ်ပြခြင်းခံရသော ဘာသာစကား၏ ရင်းမြစ်သည် စကားပြောခြင်း (မိန့်ခွန်း သို့မဟုတ် လက်ဟန်ပြဘာသာစကား) သို့မဟုတ်၊ အခြားအရေးအသားစနစ်တွင် ရှိပြီးသားစာသား ဖြစ်နိုင်သည်။

အသံဖလှယ်ခြင်းကို ဘာသာပြန်မှု(translation)နှင့် မရောနှောသင့်ပါ။ ဘာသာပြန်မှုဆိုသည်မှာ ဘာသာပြန်သည့်ဘာသာစကားတွင် ရင်းမြစ်ဘာသာစကားစာသား၏အဓိပ္ပာယ် ကို ကိုယ်စားပြုဖေါ်ပြခြင်း (ဥပမာ - လော့စ်အိန်ဂျယ်လိစ်မြို့ကို ကောင်းကင်တမန်များမြို့ ဟုခေါ်ခြင်း)ဖြစ်သည်။ ထို့အပြင် အသံဖလှယ်ခြင်းကို ဘာသာစကားတစ်ခုမှနောက်တစ်ခုသို့ အက္ခရာဖလှယ်ခြင်း(transliteration) (ဥပမာ - ဂရိအက္ခရာ ⟨α⟩ ကို အင်္ဂလိပ်အက္ခရာ ⟨a⟩ သို့ ပြောင်းခြင်း)နှင့်လည်း မရောနှောသင့်ပါ။

အသံဖလှယ်ခြင်းသည် ဘာသာဗေဒ ပညာရေးနယ်ပယ်အောက်တွင်ရှိသော သဒ္ဒဗေဒ(phonetics)၊ စကားပြောဆိုမှု ခွဲခြမ်းစိတ်ဖြာခြင်း( conversation analysis)၊ ဒေသိယစကားလေ့လာမှု(dialectology) နှင့် လူမှုဘာသာဗေဒ(Sociolinguistics) စသည့်နယ်ပယ်ခွဲတို့၌ အသုံးပြုသော နည်းစနစ်များတွင် မရှိမဖြစ်ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် မိန့်ခွန်းနည်းပညာ၏ နယ်ပယ်ခွဲအငယ် အတော်များများအတွက်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ဤဆောင်းပါးသည် ဘာသာဗေဒ(linguistics)ဆိုင်ရာ အသံဖလှယ်ခြင်းကိုသာ ရှင်းပြမည်ဖြစ်သည်။

အသံထွက်သဒ္ဒဗေဒအခြေခံနှင့် အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်းနှစ်မျိုးပြင်ဆင်

ခြုံငုံပြီးပြောလျှင် အသံဖလှယ်ခြင်းနည်းလမ်း ၂ ခုရှိသည်။ အသံထွက်သဒ္ဒဗေဒနည်းသည် ပြောသောဘာသာစကား၏ အသံထွက်နှင့် သက်ဆိုင်ရာ ဂုဏ်သတ္တိများကို အဓိကထားလေ့လာသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်း(phonetic transcription)စနစ်များတွင် အသံထွက်တစ်လုံးချင်းကို အရေးအသား သင်္ကေတသို့မဟုတ်အက္ခရာတွဲများ အနေဖြင့် (အသံအတိုင်း၊ ဥပမာ အင်္ဂလိပ် title ကို IPA /ˈtaɪtəl/ အဖြစ်ဖေါ်ပြခြင်း) ပြောင်းလဲဖေါ်ပြသည့် စည်းမျဉ်းများကို ထောက်ပံ့ပြသလေ့ရှိသည်။ အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်း(orthographic transcription)စနစ်တွင် အပြောစကားကို စာအရေးအသားအဖြစ်သို့ ဘာသာစကား၏ ရေးထုံးနည်းလမ်းများ(orthography)အတိုင်း ပြောင်းလဲဖေါ်ပြသည့် စည်းမျဉ်းများ (ဥပမာ၊ ဂရိ Aristotélēs ကို အင်္ဂလိပ် Aristotle သို့ပြောင်းလဲခြင်း) ပါဝင်ပါသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်း၌ အထူးသတ်မှတ်ထားသောအက္ခရာအစုံများ၊ များသောအားဖြင့် အပြည်ပြည်ဆိုင်ရာ အသံထွက်အက္ခရာ(International Phonetic Alphabet - IPA) များကို သုံးကာ အသံထွက်ကို ဖေါ်ပြလေ့ရှိပါသည်။

မည်သည့်အသံဖလှယ်ခြင်းအမျိုးအစားကို ရွေးချယ်သည်ဆိုသည့်အချက်မှာ အများအားဖြင့် မည်သည့်သုတေသနကို ဦးတည်ကာသွားနေသည်ဆိုသည့် အပေါ်မူတည်သည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်းနည်းလမ်းသည် ဘာသာစကား၏ အသံထွက် သဘာဝကို အဓိကအရေးပေးသောကြောင့်၊ သဒ္ဒဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း သုတေသနတွင် အများဆုံး အသုံးကျပါသည်။ တစ်ခြားတစ်ဖက်တွင်လည်း အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်း၌ (ရည်ရွယ်သည့် ဘာသာစကားနှင့် ရေးထုံးများအပေါ်မူတည်ပြီး) ဝေါဟာရနှင့် စကားလုံးဖွဲ့စည်းပုံ အစိတ်အပိုင်းတို့သည် အသံထွက်နှင့်အတူ ပါဝင်ပတ်သက်နေတတ်ပါသည်။ ထိုကြောင့် ဤစနစ်သည် အပြောစကား၏ အဓိပ္ပါယ်နှင့် ပတ်သက်သော ရှုထောင့်မှ သုတေသနပြုမည်ဆိုလျှင် သုံးရန် ပိုပြီးအဆင်ပြေပါသည်။ အသံထွက်သဒ္ဒဗေဒနည်းဖြင့် အသံဖလှယ်ခြင်းနည်းလမ်းသည် သိပ္ပံနည်းကျသဘောအရ သိသိသာသာ ပိုမိုစနစ်ကျသည်၊ သို့သော် ၎င်းသည် လေ့လာရန်ခက်ခဲသည်၊ မှန်ကန်သောအသံဖလှယ်ခြင်းကို ရယူရန် အချိန်ပိုကြာပြီး၊ ရရှိလာသော အသံဖလှယ်စကားလုံးကို အသုံးပြုနိုင်သော ဧရိယာမှာ အရေးစနစ်ကိုအခြေခံ အသံဖလှယ်ခြင်းကြောင့် ရရှိသောစကားလုံးနှင့်ယှဉ်လျှင် ပိုမိုနည်းပါးသည်။

သီအိုရီအရပြင်ဆင်

ပြောဆိုသော ဘာသာစကားကို စာအရေးအသားအဖြစ် သင်္ကေတများအသုံးပြုကာ ကိုယ်စားပြုဖေါ်ပြခြင်းသည် ထင်သလောက် ရိုးရှင်းလွယ်ကူသည့်လုပ်ငန်းစဉ်မဟုတ်ပါ။ စာအရေးအသားဆိုသည်မှာ အကန့်အသတ်ရှိသော (တစ်ခုနှင့်တစ်ခု)ရှင်းလင်းစွာကွဲပြားခြားနားသည့် သင်္ကေတများ အသုံးပြုကာ အဓိပ္ပါယ်ဖေါ်ပြနိုင်ရန် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်ဖန်တီးထားမှု တစ်ခုဖြစ်သည်။

အခြားတစ်ဖက်တွင်မူ၊ ပြောဆိုသောဘာသာစကားသည် အကန့်အသတ်မရှိသောအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော စဉ်ဆက်မပြတ် သီးခြားစီခွဲထုတ်ရန် မဖြစ်နိုင်သော(discrete and distinct) ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ထိုအစိတ်အပိုင်းများကို တစ်ပိုင်းစီခွဲခြားရန်နှင့် အမျိုးအစားခွဲ သတ်မှတ်ရန် ကြိုတင်သတ်မှတ်ထားသောစနစ်မရှိသဖြင့် အကျိုးဆက်အားဖြင့် စကားသံမှ စကားလုံးသို့ ကိုယ်စားပြုဖေါ်ပြခြင်းပြုနိုင်သည့် အသင့်အသုံးပြုနိုင်သော နည်းလမ်းများ မရှိပါ။

အသံဖလှယ်ခြင်း လုပ်ငန်းစဉ်၏ ပြင်ပဩဇာသက်ရောက်မှုမကင်းသည့် အကြောင်းကို စာစောင်စာတမ်းများက မပျက်မကွက် မလွဲမသွေ မီးမောင်းထိုးပြလေ့ရှိသည်။ ပြင်ပဩဇာသက်ရောက်မှုကင်းသည့် အသံဖလှယ်ခြင်းစနစ်သည် မရှိနိုင်သည့် အပြင် မဖြစ်နိုင်ပါ။ လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတသည် အသံဖလှယ်ချက်တစ်ခု ရေးဆွဲပြုလုပ်သည်နှင့် ၎င်းအတွင်းသို့ ပါဝင်ပတ်သက်လွှမ်းမိုးမှု ရှိလာပါတော့သည်။ အသံဖလှယ်ချက်တစ်ခု၏ ဖွဲ့စပ်ပုံတွင် လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးချက်ကို အသေအချာတွေ့ရှိနိုင်သည်။ (Baker, 2005)

အင်္ဂလိပ်စကားလုံးများကို မြန်မာဘာသာသို့ အသံဖလှယ်ခြင်းပြင်ဆင်

(ဤအပိုင်းသည် မူလဘာသာပြန်ခဲ့သော အင်္ဂလိပ်ဝီကီမှ မဟုတ်ပါ။ မြန်မာဝီကီသီးသန့် လိုအပ်ချက်အရ ဖြည့်စွက်ထားသောအပိုင်းဖြစ်ပါသည်။) ဘီဘီစီသတင်းပညာကောလိပ်မှ နိုင်ငံခြား အမည်များကို မြန်မာအသံဖလှယ်ခြင်းနှင့် ပတ်သက်၍ ဤသို့ ရေးသားခဲ့သည်။[၁]

မြန်မာလို အသုံးတွင်ကျယ်ပြီးသား အများနဲ့ ရင်းနှီးပြီးသား ဖြစ်နေတဲ့ အမည်တွေ ကိုတော့ အဲဒီ အတိုင်းပဲ သုံးတာက ပိုသင့်တော်ပါလိမ့်မယ်၊ ဥပမာ - ဆော်ဒီအာရေဗျ (ဆောင်ဒီ အာရေဗျ မဟုတ်)၊ စင်္ကာပူ (စင်္ကာပို မဟုတ်)။ ... နာမည်ရှိ နာမည်ကြီးပြီးသား လူတွေရဲ့ အမည်တွေကို လွဲမှား ခေါ်ဝေါ်တာ၊ ရေးသားတာ အရုပ်ဆိုးပါတယ်။ မြန်မာ စာနယ်ဇင်းတော်တော်များများမှာ အင်္ဂလန်က ဘောလုံးသမားတွေ၊ ဘောလုံး မန်နေဂျာတွေရဲ့ အမည်တွေကို တော်တော်လေး မှားမှားယွင်းယွင်း ရေးနေကြတာ တွေ့ရပါတယ်။ အာဆင်း ဗင်းဂါးကို အာဆင်း ဝင်းဂါး (နဲနဲတော်သေးတယ်)၊ ဝိန်း ရူနီကို ရွန်နေး (ဒါလည်း သိပ်မဆိုးလှသေးဘူး)၊ အရင် အဲဗာတန် နဲ့ မန်ယူ မန်နေဂျာ ဒေးဗစ်မွိုင်းစ်ကို ဒေးဗစ်မိုယက်၊ အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ပေါလ် ဂက်စကွိုင်းကို ပေါလ်ဂက်စကွိုင်နီ.. အများကြီးပါပဲ၊ ဒီနာမည်တွေက အနောက်တိုင်း ဘောလုံးလွှင့်ထုတ်ချက် တခုလောက် နားထောင်လိုက်ရင်ကို အမှန်ရနိုင်တာမျိုးတွေမို့ သတိထားသင့်လှပါတယ်။

နောက်ထပ်ဖတ်ရန်ပြင်ဆင်

  • Hepburn, A., & Bolden, G. B. (2013). The conversation analytic approach to transcription. In J. Sidnell & T. Stivers (Eds.), The handbook of Conversation Analysis (pp. 57–76). Oxford: Blackwell. PDF
  • DuBois, John / Schuetze-Coburn, Stephan / Cumming, Susanne / Paolino, Danae (1992): Outline of Discourse Transcription. In: Edwards/Lampert (1992), 45-89.
  • Ehlich, K. (1992). HIAT - a Transcription System for Discourse Data. In: Edwards, Jane / Lampert, Martin (eds.): Talking Data – Transcription and Coding in Discourse Research. Hillsdale: Erlbaum, 123-148.
  • Ehlich, K. & Rehbein, J. (1976) Halbinterpretative Arbeitstranskriptionen (HIAT). In: Linguistische Berichte (45), 21-41.
  • Haberland, H. & Mortensen, J. (2016) Transcription as second order entextualisation: The challenge of heteroglossia. In: Capone, A. & Mey, J. L. (eds.): Interdisciplinary Studies in Pragmatics, Culture and Society, 581-600. Cham: Springer.
  • Jenks, C.J. (2011) Transcribing Talk and Interaction: Issues in the Representation of Communication Data. Amsterdam: John Benjamins.
  • MacWhinney, Brian (2000): The CHILDES project: tools for analyzing talk. Mahwah, NJ: Lawrence Erlbaum.
  • Rehbein, J.; Schmidt, T.; Meyer, B.; Watzke, F. & Herkenrath, A. (2004) Handbuch für das computergestützte Transkribieren nach HIAT. In: Arbeiten zur Mehrsprachigkeit, Folge B (56). Online version
  • Ochs, E. (1979) Transcription as theory. In: Ochs, E. & Schieffelin, B. B. (ed.): Developmental pragmatics, 43-72. New York: Academic Press.
  • Sacks, H.; Schegloff, E. & Jefferson, G. (1978) A simplest systematics for the organization of turn taking for conversation. In: Schenkein, J. (ed.): Studies in the Organization of Conversational Interaction, 7-56. New York: Academic Press.
  • Selting, Margret / Auer, Peter / Barden, Birgit / Bergmann, Jörg / Couper-Kuhlen, Elizabeth / Günthner, Susanne / Meier, Christoph / Quasthoff, Uta / Schlobinski, Peter / Uhmann, Susanne (1998): Gesprächsanalytisches Transkriptionssystem (GAT). In: Linguistische Berichte 173, 91-122.
  • Selting, M., Auer, P., Barth-Weingarten, D., Bergmann, J., Bergmann, P., Birkner, K., Couper-Kuhlen, E., Deppermann, A., Gilles, P., Günthner, S., Hartung, M., Kern, F., Mertzlufft, C., Meyer, C., Morek, M., Oberzaucher, F., Peters, J., Quasthoff, U., Schütte, W., Stukenbrock, A., Uhmann, S. (2009): Gesprächsanalytisches Transkriptionssystem 2 (GAT 2). In: Gesprächsforschung (10), 353-402. Online version

ပြင်ပလင့်ခ်များပြင်ဆင်

ကိုးကားပြင်ဆင်

  1. နိုင်ငံခြား အမည်များ - BBC Academy (2018-08-14)။ 2020-07-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-01 တွင် ပြန်စစ်ပြီး။