အသံအိုးအဖုံး ရောင်ရမ်းခြင်း

EPIGLOTTITIS

Epiglottis ဆိုတာ လျှာအောက်ခြေမှာရှိတဲ့ အပြားဖတ်လေးဖြစ်တယ်။ အစာမျိုတဲ့အခါလေပြွန်ထဲမဝင်အောင် သူကကာကွယ်ပေးထားတယ်။ Epiglottitis ဆိုတာ သူရောင်ရမ်းတာကိုဆိုလိုတာပါ။ အစာမျိုရတာခက်လာပီး သွားရည်ယိုစီးလာမယ် အသံပြောင်းသွားမယ် ဖျားမယ် အသက်ရှု နှုန်းမြန်လာမယ်။ အပေါ်ဘက်အသက်ရှု လမ်းကြောင်းယောင်တာဖြစ်လို့ အသက်ရှုရခက်လာမယ်။ လူနာဟာ အသက်ရှုလမ်းကြောင်းပွင့်အောင် ရှေ့ကိုကုံးပြီး အသက်ရှုရတယ်။ ဆိုးလာရင် Stridor ရွီရွီသံတောင်ကြားရပီး အသားတွေပြာနှမ်းလာမယ်။ လည်ပင်းဓာတ်မှန်မှာ လက်မလက်ဗွေရာလိုပုံစံမျိုးကိုတွေ့ရမယ်။ များသောအားဖြင့် H influenza type b ကြောင့် ဖြစ်တာပါ။ တခြားပိုးကြောင့်ဖြစ်တာရှားပါတယ်။ ကာကွယ်ဆေးထိုးပေးခြင်း Rifampicin ဆေးပေးခြင်းနဲ့ အဖြစ်များနိုင်တဲ့သူတွေကို ကာကွယ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းယောင်တာ ပိတ်တာဖြစ်ရင်တော့ Endotracheal tube ထဲ့ပေးမှရမယ်။ ceftriaxone IV ,Vancomycin နဲ့ clindamycin ကိုပေးကုသနိုင်တယ်။ epinephrine ရှုခြင်းနှင့်စတီးရွိုက်ဆေးများကို လဲသုံးလို့ရတယ်။ CT scan မှာ ဟဲလိုးဝင်း (သရဲတစေပွဲ) ပုံစံနဲ့ တွေ့ရင် ပုံမှန် Epiglottis လို့ပြောလို့ရတယ်။

အမေရိကန်ပထမဆုံး သမတကြီး ဂျော့ဝါရှင်တန်ဟာ ဒီရောဂါကြောင့်သေဆုံးခဲ့တာလို့ယူဆခဲ့ကြတယ်။