[၁] (၁) သီတင်းသုံးဖော်တို့ ချစ်ခင်မြတ်နိုး လေးစားကြခြင်း၊ (၂) ပစ္စည်းလေးပါး ရရှိခြင်း၊ (၃) အလှူရှင်တို့၏ ဒါနစေတနာအကျိုးကြီးမားစေလိုခြင်း၊ (၄) ဆွေမျိုးများ ကောင်းရာသုဂတိရောက်စေလိုခြင်း၊ (၅) ရသမျှပစ္စည်းဖြင့် ရောင့်ရဲတင်းတိမ်ကျေနပ်ခြင်း၊ (၆) သဘာဝဘေးဒဏ်, ဝေဒနာဒဏ်တို့ကို သည်းခံနိုင်ခြင်း၊ (၇) တရားဓမ္မ၌ မွေ့လျော်လိုခြင်း၊ (၈) ကြောက်ရွံ့ ထိတ်လန့်မှုကို သည်းခံနိုင်ခြင်း၊ (၉) ရူပါဝစရဈာန် လေးတန်တို့ကို ရရှိလိုခြင်း၊ (၁၀) အာသဝေါကင်းကွာ ရဟန္တာဖြစ်လိုခြင်း-ဟူသော အကျိုး ၁၀-ပါးကို လိုလားတောင့်တသောပုဂ္ဂိုလ်သည် သီလကို ဖြည့်ကျင့်ရမည်။ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ထိန်းသိမ်းရမည်-အစရှိသည်ဖြင့် သီလရှိသူများ ခံစားရမည့်အကျိုး ၁၀-ပါးကို အကျယ် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ပါတိမောက္ခသံဝရသီလသည် ဦးခေါင်းနှင့် တူပုံ၊ ကြွင်း သီလသုံးပါးသည် လက်ခြေတို့နှင့် တူပုံ၊ ပစ္စည်းလေးပါးသည် သီလ၏အာနိသင်ဖြစ်ပုံ၊ သီလရှိသောရဟန်းအား လှူဒါန်းသော ဆွမ်းဒါနနှင့် ကျောင်းဒါနတို့၏ အကျိုး၊ သီလရှိသောရဟန်း၏ မိဖများ ကောင်းရာသုဂတိရောက်ရှိနိုင်ပုံ အစရှိသည်တို့ကို ဖွင့်ပြ ထားပါသည်။

ဋီကာ၌ -ဤဒေသနာတော်သည် သိက္ခာသုံးပါးကိုဟောတော်မူသည့် ဒေသနာတော်ဖြစ်ပုံ အကျယ်၊ စိတ်တည်ကြည် ငြိမ်သက်မှု၊ သင်္ခါရတရားတို့ကို ရှုမှတ်ပုံ (သမထ, ဝိပဿနာ)တို့ဖြင့် သီလကို စောင့်ရှောက်ထိန်းသိမ်းနိုင်ပုံ အစရှိသော သိမှတ်ဖွယ်များနှင့် အရိယကောဋိယဝါသီ မဟာဒတ္တထေရ်ဝတ္ထုကို ပြဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၃၆၁-၂။ အံ၊မြန်၊၃၊၃၅၈-၃၆၀။ အံ၊ဋ္ဌ၊၃၊၃၂၀-၂။ အံ၊ဋီ၊၃၊၃၃၉-၃၄၅။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (ဂ) ၃-အာကင်္ခဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ