အာကင်္ခေယျသုတ်တွင် ဘုရားမြတ်စွာက ရဟန်းတို့အား သီလနှင့်ပါတိမောက်များကို လေးစားလုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။ သူတထူး၏စိတ်ကို သိလိုခြင်း၊ ကျော်စောလိုခြင်း၊ သတင်းပျံ့နှံ့လိုခြင်း စသည့် ဂုဏ်ပကာသနတို့ကို ရဟန်းတို့သည် တောင့်တလိုကောင်း တောင့်တမိကြပေလိမ့်မည်။ သို့သော် ဤသို့ စိတ်နှလုံးမပိုက်သင့်ချေ။ ကိုယ့်ကိုယ်ကို ချိုးနှိမ် ချုပ်တည်းကာ အကျင့်သိက္ခာတို့ကိုသာလျှင် သစ္စာရှိစွာ စောင့်ထိန်းသင့်ကြောင်း ဘုရားမြတ်စွာက ဤသုတ်ဖြင့် ညွှန်ကြားသတိပေးခဲ့သည်။[]


[] အထက်သုတ်လာ (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၉၊ ၁၀)ဟူသော အကျိုး ၈-မျိုးနှင့် အာရုပ္ပသမာပတ်ကို ရရှိခြင်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာသာဝကတို့ ဖြစ်ရခြင်း၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပရစိတ္တဝိဇာနန၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခုဟူသော အဘိညာဉ် ၅-ပါးကို ရရှိခြင်းဟူသော အကျိုး (၁၇)မျိုးတို့ကို သီလရှိသူများ ရရှိပြည့်စုံပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သမ္ပန္နသုံးမျိုး၊ လယ်၏အပြစ် လေးမျိုး၊ သီလ၏အပြစ် လေးမျိုး၊ သီလပြည့်စုံခြင်း၏ အကြောင်းနှစ်မျိုး၊ ပါတိမောက္ခသံဝရသီလသာ မုချသီလဖြစ်ပုံ၊ ဝိသကဏ္ဋကဝါဏိဇ ဥပမာ၊ သိက္ခတ္တယဒေသနာဖြစ်ပုံ၊ သမထ, ဝိပဿနာတို့၏ သီလာနုရက္ခိတဖြစ်ပုံ၊ သီလရှိသောရဟန်းအား လှူဒါန်းရသော ဒါနအကျိုး၊ သီလရှိသောရဟန်း၏ မိဖများ ကောင်းရာသုဂတိရောက်နိုင်ပုံ၊ အရိယကောဋိယဝါသီ မဟာဒတ္တထေရ်ဝတ္ထု၊ သမာပတ် ၈-ပါးနှင့် အဘိညာဉ်များ ရလွယ်ပုံ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များအကြောင်းတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ -ပါတိမောက္ခအဖွင့် ၆-မျိုးနှင့် အဋ္ဌကထာပါဌ်များ အဖွင့်တို့ကို အကျယ် ဖွင့်ပြချက်များပါရှိပါသည်။ []

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၃၉-၄၃။ မ၊မြန်၊၁၊ ၄၃-၇။ မ၊ဋ္ဌ၊၁၊၁၅၈-၁၇၀။ မ၊ဋီ၊၁၊၂၅၅-၂၆၈။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၁-မူလပရိယာယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ