အာကဒီယာ သည် သီရိလင်္ကာနိုင်ငံ၊ ဘတ်ဒူလာခရိုင် (Badulla), ဒီယတလဝ (Diyatalawa) တွင် တည်ရှိသည့် ဗြိတိသျှခေတ်အိမ်တစ်ခု ဖြစ်သည်။ ၎င်းကို သတင်းတိုက်ပိုင်ရှင် D.R. Wijewardene ၏ အိမ်အဖြစ် သိကြသည်။ အိမ်ကို ဗြိတိသျှလူမျိုးစိုက်ပျိုးရေးသမား G. M. Crabbe က တည်ဆောက်ခဲ့သည်။ အိမ်နှင့် အာကဒီယာဟု အမည်ရသည့် ကော်ဖီခြံကို ၁၉၃၀ - ၁၉၃၂ စီပွားပျက်ကပ်ကာလတွင် ကော်ဖီဈေးကျသည့်အချိန်ပြီးနောက် ၁၉၃၂ ခုနှစ်တွင် D. R. Wijewardene ထံသို့ ရောင်းချခဲ့သည်။ Wijewardene သည် အိမ်ကိုတိုးချဲ့ပြီး ဥယျာဉ်တစ်ခုကိုလည်း ပြလုပ်ခဲ့သည်။[၁] Wijewardene သည် အာကဒီယာကို အားလပ်ရာ အပန်းဖြေနားရာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၎င်းနေရာသို့ ဧည့်သည်များသည် ပိတ်ရက်များတွင် လာရောက်ကြသည်။ လာရောက်လည်ပတ်သူများထဲက ထင်ရှားကြသူများမှာ Lord Soulbury, Sir Fredrick Rees and Fredrick Burns တို့ဖြစ်ကြပြီး ၎င်းတို့သည် Solbury Commission ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

Arcadia
ယခင်အမည်များArcadia
အခြားအမည်များArcadia Estate
အထွေထွေ အချက်အလက်များ
ဗိသုကာစတိုင်Tudor
တည်နေရာDiyatalawa, Sri Lanka
မြို့Diyatalawa
နိုင်ငံSri Lanka

ကိုးကား ပြင်ဆင်ရန်

  1. "Uva vignettes"၊ Sunday Times။ 24 September 2019 တွင် ပြန်စစ်ပြီး