အာကာသဓာတ် သည် ကောင်းကင်သဘော ဖြစ်၏။ သဲမှုန်တို့ကို စုပုံထားရာ၌ သဲမှုန့်ငယ်တစ်ခုနှင့် သဲမှုန့်ငယ်တစ်ခု၏ အကြားသည် ရှိသည်သာ ဖြစ်၏။ သဲမှုန့်နှင့် အညီအမျှ အာကာသဓာတ်သည်လည်း အပြည့် ရှိ၏။ အပြည့်ရှိသည့်အတွက်ကြောင့် ဤကားတစ်ခု၊ ဤကားတစ်ခုဟု သဲမှုန့်တို့ကို ခြားနားနိုင်ကြကုန်၏။ ပြိုပျက်ချိန်ဆိုက်ခဲ့သော် ထိုအာကာသတို့မှပင် သဲမှုန့် အချင်းချင်းကွဲပြား၍ သဲပုံသည် ပြိုပျက်လေသည်။

ထို့အတူ အလွန်ခက်မာလှစွာသော ကျောက်တုံး၊ ကျောက်ခဲ၊ သံတုံး၊ သံခဲတို့၌လည်း သဲမှုန့်ငယ်တစ်ခုနှင့်တစ်ခုတူသော ရုပ်ငယ်ကလေးများ အသင်္ချေယျအနန္တရှိကြ၏။ တစ်ခု၊ တစ်ခုသော ရုပ်စုရုပ်ခဲကို ရုပ်ကလာပ်တစ်ခု၊ တစ်ခု ဟု ခေါ်ကြသည်။

ထိုရုပ်ကလာပ်တို့၏ တစ်ခုနှင့် တစ်ခုအကြားသည် ရှိသည်သာ ဖြစ်သည်။ ကျောက်တုံး၊ သံတုံးတို့နှင့် အညီအမျှ အာကာသဟူသော ပရိစ္ဆေဒရုပ်သည်လည်း အပြည့်ရှိ၏။ ထိုပရိစ္ဆေဒ အာကာသရှိသည့်အတွက်ကြောင့် ထိုကျောက်တုံး၊ သံတုံးတို့ကို ဖြတ်နိုင်ကြ၏။ ခွဲနိုင်ကြ၏။ စိတ်နိုင်ကြ၏။ အမှုန့်ပြုနိုင်ကြ၏။ အရေပြုနိုင်ကြ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၄။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)