Space Boot အမည်ရှိ လကမ္ဘာပေါ်၌ စီးနင်းနိုင်သည့် ဖိနပ်တစ်ရံလျှင် ပျမ်းမျှဒေါ်လာ ၃၀၀၀၀ ဝန်းကျင်ခန့်ရှိသည်။ M2 Trekker ဟုအမည်ပေးထားသော အာကာသတွင်း၌ စီးနင်းနိုင်မည့်ဖိနပ်များကို သုံးပိုင်းခွဲ၍ တည်ဆောက်ထားသည်။ အတွင်းပိုင်း ဖိနှိပ်အားဒဏ်ခံနိုင်မည့် bladder လေအိတ်၊ အလယ်ပိုင်းတွင် ဖွဲ့စည်းတည်ဆောက်ပုံနှင့် သက်ဆိုင်သော အလွှာနှင့် အပေါ်မှ ဖုံးအုပ်ကာကွယ်ထားသည့် အလွှာများဖြစ်သည်။ ထိုဖိနပ်များသည် အပူချိ န်အနုတ် ၃၅၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိရန် လိုအပ်သည်။ တစ်နာရီလျှင်မိုင် ၄၅၀၀၀ နှုန်းနှင့်လာ၍ ထိတွေ့မည်ဖြစ်သော အလွန့်အလွန်သေးငယ်သည့် ဥက္ကာခဲများ (Micrometeoroids) များ၏ ဒဏ်ကိုခံနိုင်ရည်ရှိရပေမည်။ လကမ္ဘာပေါ်ရှိ ကျောက်သားမြေမျက်နှာပြင်ပေါ်သို့လည်း သွားလာနိုင်ရမည်။ လဆင်းယာဉ်က အဝေးသို့ ရောက်နေချိန်တွင် လမ်းလျှောက်ပြီး ပြန်လာနိုင်အောင် ဖိနပ်စီးထားသူကို သက်သောင့်သက်ရှိစေဖို့လည်း လိုအပ်သည်။ ယခုခေတ် အကာသဖိနပ်များသည် အပိုလိုခေတ်ဖိနပ်များထက် ပို၍သေးသွယ်ပေါ့ပါးလာသည်။ နေးလ် အမ်းစထရောင်း စီးခဲ့သောဖိနပ်များနှင့် အခြား အပိုလိုအကာသယာဉ်မှူးတို့၏ ဖိနပ် ၉ ရံသည် လကမ္ဘာပေါ်တွင်သာ ကျန်ရစ်ခဲ့သည်။ အာကာသယာဉ်များသည် လကမ္ဘာပေါ်မှ ကျောက်ခဲများ ကောက်သည့်အခါ အလေးချိန်လျော့ချရန် လိုအပ်လာသောကြောင့် ထိုဖိနပ်များကို ချွတ်ထားခဲ့ကြရသည်။ လကမ္ဘာပေါ်တွင် ဆယ်စုနှစ်သုံးခုစာ ကြာမြင့်စွာတည်ရှိနေပါက ထိုဖိနပ်များကို ထိခိုက်လာစေနိုင်သည်။ သတ္တုနှင့် ပြုလုပ်ထားသော Buckles ကွင်းများသည် ယခင်အတိုင်းပင် တည်ရှိနေပေမည်။ လကမ္ဘာပေါ်တွင် အောက်ဆီဂျင်မရှိသောကြောင့် ဓာတ်ပြုဖွယ်မရှိ၊ သံချေးတက်နိုင်မည်မဟုတ်။ သို့သော် Silicone နှင့်ပြုလုပ်ထားသော အောက်ခံ Soles များနှင့် သမ္ဘာရနည်းနှင့် ပြုလုပ်ထားသော အဝတ်အထည်များကမူ လက်နှင့်ထိတွေ့လိုက်သည်နှင့် အမှုန်များဖြစ်နိုင်ပေသည်။ အာကာသဖိနပ်များကို နာဆာအတွက် ILC Dover ကုမ္ပဏီရှိ Dave Graziosi ၏အဖွဲ့က ပုံစံထုတ်၍ဖန်တီးခဲ့သည်။ သံမဏိ၊ Spectra၊ Aluminium နှင့် Polyester တို့ကို အသုံးပြုပြီး ဖန်တီးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "အာကာသဖိနပ်" (၄ အောက်တိုဘာ ၂၀၀၆). သိပ္ပံနှင့်နည်းပညာဂျာနယ် (အမှတ်-၄၈). Retrieved on ၅ ဖေဖော်ဝါရီ ၂၀၁၆. 
  2. Cathy Newman။ Shores, culture, and history။ National Geographic။ ၅ ဖေဖော်ဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။