အာစရိယဝတ်
အနီးနေ အန္တေဝါသိက တပည့်တို့သည် လွန်စွာ လုပ်ကျွေးအပ်သောကြောင့် ဆရာလေးပါးကို အာစရိယဟုခေါ်သည် (အာ= အလွန်+ စရိယ = လုပ်ကျွေးအပ် - လုပ်ကျွေးထိုက်သူ) ထို ဆရာလေးပါးတို့၌ တပည့် လေးပါးတို့က ပြုကျင့်အပ်သောဝတ် ဖြစ်လေသောကြောင့် အာစရိယဝတ်ဟုဆိုသည်။ ထိုအာစရိယဝတ် ပြုကျင့်ပုံ အမျိုးမျိုးသည် ဥပဇ္ဈာယဝတ်တို့၌ သဒ္ဓိဝိဟာရိကဝတ် တပည့်တို့က ပြုကျင့်ပုံ အမျိုးမျိုးနှင့် ထပ်တူ ဘုရားရှင် ဟောကြားတော်မူခဲ့ပေသည်။ အမည်မျှ ထူးသည်။ “နာမမတ္တမေဝ ဟေတ္ထ နာနံ”(ဝိနယသင်္ဂဟ-ထာ) သို့သော် အဋ္ဌကထာ၌ နိဿယည်းလွတ်သော တပည့်, မလွတ်သော တပည့်ဟု နှစ်မျိုးခွဲခြား၍ မလွတ်သော တပည့်တို့သာ ဆရာတို့နှင့် ဝိသဘာဂ သဘောမတူဘဲ သူအား ဆရာမပန်ကြားပဲ သပိတ်ပေးခြင်း စသည်ကိုပြုလျှင် အာပတ် သင့်၍ နိဿယည်းလွတ်သူတို့ အာပတ်မသင့်ဟု ဆို၏။
ဧကစ္စဿ ပတ္တဒါနတော ပဋ္ဌာယ အမုတ္တနိဿယဿေဝ အာပတ္တိ။ (ဝိနယသင်္ဂဟ-ထာ)
အစမှစ၍ သင်္ကန်းဆိုးခန်း တိုင်အောင် ဝတ်ကို နိဿယည်း လွတ်မလွတ် အားလုံး တပည့်လေးပါး မပြုကျင့်လျှင် အာပတ်, ဒဏ်သင့် သည်ဟု အဋ္ဌကထာဆိုသည်၊ ဆရာလေးပါးနှင့် တပည့်လေးပါးနောက်၌ တွဲ၍ ပြအံ့။