အာဆင်နယ်ဘောလုံးအသင်း ပြတိုက်
အာဆင်နယ်ဘောလုံးအသင်း ပြတိုက်သည် လန်ဒန်၊ဟောလဝေးရှိ ပြတိုက်ဖြစ်သည်။
အာဆင်နယ်ဘောလုံးအသင်း ပြတိုက် Arsenal Football Club Museum | |
---|---|
တည်ထောင်ခြင်း | ၁၉၉၃ |
တည်နေရာ | ဟောလဝေး လန်ဒန် အင်္ဂလန်နိုင်ငံ |
ကိုဩဒိနိတ် | 51°33′24″N 0°06′29″W / 51.556548°N 0.108103°Wကိုဩဒိနိတ်: 51°33′24″N 0°06′29″W / 51.556548°N 0.108103°W |
အမျိုးအစား | အားကစားပြတိုက် |
လည်ပတ်သူများ | ၁၂၀၀၀၀(တစ်နှစ်လျှင်) |
ဝက်ဘ်ဆိုဒ် | arsenal.com |
ထိုပြတိုက်တွင် အာဆင်နယ်အသင်း၏ အောင်မြင်မှုများ၊မှတ်တမ်းများကို ပြသထားသည်။၁၉၇၁ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချာလီဂျော့ခ်ဝတ်ဆင်ခဲ့သော အဝတ်၊သောမတ်၏ ဖိနပ် စသည်တို့ပါ ပါဝင်သည်။
ယခုအခါ ထိုပြတိုက်သည် အီးမရိတ်ဘောလုံးကွင်း၏မြောက်ဘက် မြောက်တြိဂံအဆောက်အအုံတွင်ရှိသည်။၁၉၉၃မှ ၂၀၀၆အထိ ဟိုက်ဘူရီကွင်း၏မြောက်ဘက်ပွဲကြည့်စင်နေရာတွင် ရှိသည်။တစ်နှစ်အတွင်း လာရောက်လည်ပတ်သူ ၁၂၀၀၀၀ရှိသည်။[၁] [၂]
ပြတိုက်မှာနေ့တိုင်းဖွင့်သည်။ပွဲရှိသောနေ့များတွင် နံနက်၁၀နာရီမှ ပွဲမစမီ နာရီဝက်အလိုထိဖွင့်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Arsenal Museum။ Britain Express။
- ↑ FA Cup Final shirts loaned to Arsenal Museum။ Arsenal.com။