အာဇာနည် စန်းစန်း (၁၉၄၉ - ၂၀၂၁ စက်တင်ဘာ ၁၃) သည် မြန်မာနိုင်ငံသား ဆပ်ကပ်ပညာရှင် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၄၉ ခုတွင် ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်ကျွန်းတဲရွာ၌ မွေးသည်။ ဖခင်မှာ ဆပ်ကပ်ပညာရှင် ရုရှားပြန် ဦးမောင်မောင် ဖြစ်၏။ [၁] အမည်ရင်းမှာ စန်းစန်း ဟူ၏။

သက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

၁၉၅၇ ခုတွင် သမီးဖြစ်သူကို အစွဲပြုကာ အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ဟူ၍ ဦးမောင်မောင်က ဖွဲ့သည်။ [၂] ယင်းအဖွဲ့တွင်ပင် စန်းစန်းက ပါ၏။ ၁၉၆၀ နှစ်များတွင် နိုင်ငံရေးမှုဖြင့် ထောင်ကျဖူးသော်လည်း ထောင်မှလွတ်သည်နောက် မဆလအစိုးရသွန်သင်မှုကြောင့် နိုင်ငံရေးကင်းရှင်းသူ ဖြစ်လာသည်။ [၃]

ရွှေမြင့်မိုရ်ရုပ်ရှင်မှ ရိုက်သည့် ပစ်မှတ် ဇာတ်ကားတွင် ဖခင်နှင့်အတူ ပါဝင်ဖူးသည်။

၂၀၁၄ ခု၌ မုံရွာနယ်၊ အလုံမြို့တွင် ဆပ်ကပ်ပြစဉ် စင်ပြိုသည့်အတွက် မျောက် ဖိုးပိန် သေပြီး စင်ပေါ်တွင် ကြီးကြပ်နေသော စန်းစန်းလည်း ဒဏ်ရာရ၏။ [၄]

၂၀၁၇ ခု၊ ဩဂုတ်လ ၁၀ ရက်တွင် မြန်မာ့သဘင်ပညာရှင်များအစည်းအရုံးက မြန်မာနိုင်ငံဆပ်ကပ်/မျက်လှည့်ပညာရပ်များထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီဟူ၍ ဖွဲ့စည်းသည့်အခါ နာယကအဖြစ် ပါဝင်ရ၏။ [၅]

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၂၁ ခု၊ စက်တင်ဘာလ၊ ၁၃ ရက်တွင် လေးမျက်နှာမြို့၌ လွန်သည်။ [၆]

ကိုးကား ပြင်ဆင်ရန်