[၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် တရားနာပရိသတ်အား တရားဟောကြားတော်မူစဉ် တပည့်ပရိသတ်ငါးရာနှင့် အတူရောက်ရှိလာသော အာမဂန္ဓရသေ့မေးလျှောက်သဖြင့် ကဿပဘုရားရှင်က တိဿဗြာဟ္မဏကြီးအား ဟောကြားတော်မူအပ်သော အာမဂန္ဓတရားတို့ကို (၁၄)ဂါထာတို့ဖြင့် ဟောတော်မူသည့်သုတ်။

အာမဂန္ဓရသေ့အလို အာမဂဠ-ဟူသည် “ငါးနှင့် အသား”တို့ကို ဆိုသည်။ ဘုရားရှင်အလိုတော်အားဖြင့် အာမဂန္ဓ-ဟူသည် အလုံးစုံသောကိလေသာတရားများ နှင့် အကုသိုလ်တရားများကို ဆိုလိုပါသည်။

အဋ္ဌကထာ၌ -အာမဂန္ဓရသေ့အကြောင်း၊ တိဿရသေ့နှင့် ကဿပဘုရားရှင် အကြောင်း၊ ပါဠိတော် (၁၄)ဂါထာ အဖွင့်၊ အာမဂန္ဓရသေ့နှင့် ပရိသတ်တို့ ဧဟိ ဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန္တာဖြစ်ကြပုံတို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၃၁၅-၇။ သုတ္တနိ၊မြန်၊၂၉၇-၉။ သုတ္တနိ၊ဋ္ဌ၊၁၊၂၉၇-၃၀၉။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၂-စူဠဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ