အမှု—ထေရ်ကြီးတို့အားစွပ်စွဲမှု

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ


ဆဗ္ဗဂ္ဂီရဟန်းတို့ စွပ်စွဲမှု ပြင်ဆင်ရန်

ဘိက္ခုနီတို့အား ဩဝါဒပေးရသော ထေရ်ကြီးတို့မှာ ပစ္စည်း ၄-ပါး ပေါများကြသည်ကို ဆဗ္ဗဂ္ဂီတို့ မြင်၍ “ထေရ်ကြီးတို့သည် တရားကို မြတ်နိုးသောကြောင့် ဘိက္ခုနီတို့အား ဩဝါဒပေးကြသည်မဟုတ်၊ ဆွမ်းသင်္ကန်းစသော အာမိသကို လိုချင်၍ ဩဝါဒပေးကြသည်”ဟု ပြောဆိုစွပ်စွဲမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဧဝံ ဝဒေယျ ‘‘အာမိသဟေတု ထေရာ ဘိက္ခူ ဘိက္ခုနိယော ဩဝဒန္တီ’’တိ, ပါစိတ္တိယံ။ [၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ဤသို့ပြောဆိုကဲ့ရဲ့အံ့ (အဘယ်သို့ ပြောဆိုကဲ့ရဲ့သနည်း) အာမိသ အကြောင်းကြောင့် ထေရ်ဖြစ်ကုန်သောရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကြကုန်၏၊ ဤသို့ပြောဆို ကဲ့ရဲ့အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး