အာမေးနီးယန်း တမန်တော်များဘုရားကျောင်း

အာမေးနီးယန်း တမန်တော်များဘုရားကျောင်း (အင်္ဂလိပ်: The Armenian Apostolic Church of St. John the Baptist) သည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ခရစ်ယာန်ဝတ်ကျောင်းဖြစ်သည်။

နောက်ခံသမိုင်း ပြင်ဆင်ရန်

၁၇ ရာစုကတည်းက အာမေးနီးယန်းလူမျိုးများ မြန်မာသို့လာကာ ကုန်သွယ်ခြင်း၊ အမှုထမ်းခြင်းများ လုပ်ကိုင်ခဲ့သည်။ ပထမဆုံးဘုရားကျောင်းကို ၁၇၆၆ ခုနှစ်တွင် ရန်ကုန်မြစ်ကမ်းအနီး တည်ဆောက်ခဲ့သည်။ ၁၈၀၄ ခုနှစ်၌ ပုံမှန်ဘုရားကျောင်းတက်သူ (၄၀) ဝန်းကျင်သာ ရှိသည်။

၁၈၅၀ ခုနှစ် ရန်ကုန်မီးတွင် ဘုရားကျောင်းမီးခကာ လုံးဝပျက်စီးသွားသည်။

တည်နေရာ ပြင်ဆင်ရန်

၁၈၅၂ ခုနှစ် အောက်မြန်မာပြည်အား သိမ်းပြီးနောက် ရန်ကုန်မြို့သစ်ကို ဗြိတိသျှတို့ တည်ဆောက်သည်။ ထိုစဉ်က နေရာပေးသည့်မြေတွင် ၁၈၆၂ ခုနှစ်တွင် အုတ်မြစ်ချရာ ၁၈၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြီးစီးသည်။ ရန်ကုန်နေ အာမေးနီးယန်းအသိုင်းအဝိုင်း၏ လုပ်အားဖြင့် တည်ဆောက်ခြင်း ဖြစ်သည်။ တည်နေရာမှာ ဗိုလ်အောင်ကျော်လမ်း (ယခင် - Sparks St.) နှင့် ကုန်သည်လမ်း (ယခင် - Merchant St.) ထောင့်တွင် ဖြစ်သည်။