(၂)သုတ် ရှိပါသည်။

[၁] ကာမစ္ဆန္ဒ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာ-ဟူသော ကုသိုလ်စိတ်ကို တားမြစ်ပိတ်ဆို့လွှမ်းမိုးတတ်, ဝိပဿနာပညာ, မဂ်ပညာကို အားနည်းအောင်ပြုတတ်သော တရားငါးပါးတို့သည် မိမိ၏အကျိုး, သူတပါး၏အကျိုး, မိမိ သူတစ်ပါး နှစ်ဦးသားတို့၏အကျိုးကို မသိနိုင်၊ အရဟတ္တဖိုလ်ကို မျက်မှောက်မပြုနိုင်ပုံ၊ ယင်းတရား ငါးမျိုးတို့ကို ပယ်စွန့်နိုင်မှ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏အကျိုးကို သိနိုင်ပုံ၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပုံကို တောင်ကျချောင်းဥပမာဖြင့် တစ်မျိုးစီ တစ်မျိုးစီ ခွဲခြား၍ အကျယ် ဟောတော်မူသည့်သုတ်။


[၂] ကမ္မာဝရဏ (အာနန္ဒရိယကံ)၊ ကိလေသာဝရဏ (နိယတမိစ္ဆာဒိဋ္ဌိ)၊ ဝိပါကာ ဝရဏ (အဟိတ်ပဋိသန္ဓေ)၊ အဿဒ္ဓ၊ အစ္ဆန္တိက၊ ဒုပ္ပည-ဟူသော ဤတရား ၆-ပါးနှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကိုကြားနာသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သောသဘောဟူသော မဂ္ဂနိယာမသို့သက်ဝင်ရန် မထိုက်တန်၊ ထိုတရား ၆-မျိုး မရှိသောပုဂ္ဂိုလ်သည် သူတော်ကောင်းတရားကို ကြားနာသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟူသော မဂ္ဂနိယာမသို့သက်ဝင်ရန် ထိုက်တန်၏ဟု အကျယ် ဟောတော်မူသည့်သုတ်။ [၃]


အာဝရဏသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရဟန်းတို့အား ပိတ်ဆို့တတ် ပိတ်ပင်တတ် စိတ်ကိုလွှမ်းမိုးတတ် ပညာ၏ အားနည်းခြင်းကို ပြုတတ်သော တရားငါးမျိုးအကြောင်းကို သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၅၆။ အံ၊မြန်၊၂၊၆၉။ အံ၊ဋ္ဌ၊၃၊၂၆။ အံ၊ဋီ၊၃၊၂၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆) ၁-နီဝရဏဝဂ္ဂ၊ ပဌမသုတ်။
  2. -အံ၊၂၊၃၇၉-၃၈၀။ အံ၊မြန်၊၂၊၄၇၉။ အံ၊ဋ္ဌ၊၃၊၁၄၀။ အံ၊ဋီ၊၃၊၁၄၆။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၉-သီတိဝဂ္ဂ၊ ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၆) ၁-နီဝရဏဝဂ်၊ ၁- အဝရဏသုတ်