အားလ်ဘော့ခ်မြို့

ဒိန်းမတ်နိုင်ငံ၊ မြောက်ဘက်ပိုင်းရှိ စတုတ္ထအကြီးဆုံးမြို့

အားလ်ဘော့ခ်မြို့ သည် ဒိန်းမတ်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ဖြစ်ပြီး မြို့နေလူဦးရေ ၁၃၆,၀၀၀ ဦးမျှ ရှိကာ လင်းမ်ချောက်ကမ်းပါး ၏ တစ်ဘက်တစ်ချက်ရှိ အမြွှာမြို့ဖြစ်သော နာဆွန်းဘုမြို့ရှိ လူဦးရေ ၂၂,၀၀၀ ကိုပါ ထည့်သွင်းရေတွက်ထားခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၂၁၀,၃၁၆ ဦးမျှရှိသော အားလ်ဘော့ခ် စည်ပင်သာယာ နယ်နိမိတ်သည် နိုင်ငံအတွင်း ကိုပင်ဟေဂင် စည်ပင်သာယာနယ်နိမိတ် နှင့် အောဟုစ် စည်ပင်သာယာနယ်နိမိတ် တို့ပြီးလျှင် တတိယမြောက် လူဦးရေ အများဆုံး ဖြစ်သည်။ ကုန်းလမ်းခရီးဖြင့် ဆိုပါက ဖရက်ဒရစ်ရှင်မြို့၏ အနောက်တောင်ဘက် ၄၀မိုင် (၆၄ ကီလိုမီတာ) အကွာ၊ အောဟုစ်မြို့၏ မြောက်ဘက် ၇၃မိုင် (၁၁၈ ကီလိုမီတာ) အကွာ နှင့် ကိုပင်ဟေဂင်မြို့မှ ၂၅၆မိုင် (၄၁၂ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။

အားလ်ဘော့ခ်မြို့
Aalborg
မြို့တော်
နိုင်ငံ ဒိန်းမတ်

ကိုးကား ပြင်ဆင်ရန်