အိစက်စက် (အင်္ဂလိပ်: East Sussex) သည် အင်္ဂလိပ်ရေလက်ကြား၏ကမ်းစပ်၊ အင်္ဂလန်အရှေ့တောင်ပိုင်းတွင်ရှိသော စီရင်စုတခု ဖြစ်သည်။ အရှေ့နှင့် မြောက်ဘက်တွင် ကန့်၊ အနောက်ဘက်တွင် ဝက်စက်စက်တို့နှင့် ထိစပ်နေပြီး အနောက်မြောက်ဘက်တွင် ဆာရေးနှင့် ထိစပ်သော မြေအနည်းငယ်လည်း ရှိသည်။

သမိုင်းကြောင်း အိစက်စက်သည် သမိုင်းဝင်စီရင်စုဖြစ်သော စက်စက်၏ တစိတ်တဒေသဖြစ်ပြီး ရှေးယခင် ၅ ရာစုခန့်က ရောမသားတို့ ထွက်သွားပြီးနောက် တောင်ဘက် ဆက်ဆွန်မင်းတို့ နန်းစိုက်ရာတည်း။ ရှေးဟောင်းပစ္စည်းလက်ကျန်များ ပေါများပြီး ကုန်းမြင့်ဘက်တွင် ပို၍ တွေ့နိုင်သည်။ ကမ်းခြေနှင့်နီးသဖြင့် ကျူးကျော်သူတို့ မတင်မကြာဝင်လာသည့်နေရာဟု ကောက်ချက်ချနိုင်သည်။ ရောမတို့အပြင် နော်မန် (ပြင်သစ် အနောက်ပိုင်းသား) တို့လည်း ဝင်လာဖူးသည်။ အစောပိုင်း စီးပွားရေးလုပ်ငန်းများမှာ ငါးဖမ်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ သိုးမွေးအရောင်းအဝယ်လုပ်ငန်းတို့ ဖြစ်သည်။ ယခုသော် ထိုလုပ်ငန်းအားလုံး မရှိသလောက် ပျောက်ကွယ်သွားပြီ ဖြစ်၏။

ကိုးကား ပြင်ဆင်ရန်