အိန္ဒိယ-မြန်မာ ရထားလမ်း သည် ဗြိတိသျှတို့မှ ဖောက်လုပ်ရန် ကြိုးပမ်းခဲ့သော ရထားလမ်းတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအား မီးရထားလမ်းဖြင့်ချိတ်ဆက်နိုင်ရန် အမျိုးမျိုးကြံစည်အားထုတ်ခဲ့ကြရုံ သာမက လမ်းဖောက်လုပ်နိုင်ရေး မြေတိုင်တာများ လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်၊

သမိုင်းကြောင်း

ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအား မီးရထားလမ်းဖြင့်ချိတ်ဆက်နိုင်ရန် အန်းတောင်ကြားလမ်း ခေါ် စစ်တကောင်း-စစ်တွေ-မင်းလှလမ်းပိုင်း အား ပထမဆုံးအကြိမ် မြေတိုင်းတာမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါလမ်းပိုင်းမှာ မိုင်ပေါင်း(၄၅၈)မိုင်ခန့်ရှည်လျားမည်ဖြစ်ကာ ရူးပီးကျပ်ငွေ(၇၀)သန်း ကုန်ကျမည်ဟု ခန့်မှန်းခဲ့သည်။ ထို့နောက် အာသံနယ်ရှိ မခွန်-မိုင်းကောင်းလမ်းပိုင်းအား ဒုတိယအကြိမ် တိုင်းတာမှုခြင်း လုပ်ဆောင်ခဲ့သည်။ ရထားမှာ (၂၈၄)မိုင်ခန့် ရှည်လျားမည်ဖြစ်ပြီး ရူးပီးကျပ်ငွေ(၃၈)သန်း ကုန်ကျမည်ဖြစ်သည်။

တတိယအကြိမ် တိုင်းတာခဲ့သော လမ်းပိုင်းမှာ မဏိပူရတောင်ကြားလမ်းဖြစ်သည်။ ထိုလမ်းမှာ လန်ချိုလီယက်-မဏိပူရ-ယောချပ်သင်းသို့ ဖောက်လုပ်မည့် လမ်းပိုင်းဖြစ်ပြီး အရှည်နိုင်(၃၁၅) မိုင် ရှိမည်ဖြစ်သည်။ အဆိုပါလမ်းပိုင်းအတွက် ရူးပီးကျပ်ငွေ(၆၅)သန်း ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ ဗြိတိသျှတို့မှ လမ်းပိုင်းများကို တိုင်းတာခြင်း လုပ်ငန်းများကို အိန္ဒိယပြည်အစိုးရမှ စေလွှတ်သော အရာရှိများနှင့် ၁၈၉၃ခုနှစ် နှင့် ၁၈၉၆ခုနှစ်များတွင် လုပ်ဆောင်ခဲ့သည်။

တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ၁၈၉၆ခုနှစ်တွင် ပြန်လည်တင်ပြသောအခါတွင် ဘုရင်ခံချုပ်နှင့်ကောင်စီမှ စီးပွားရေး အရ အောင်မြင်နိုင်သည့် အလားအလာမရှိသည့်အပြင် ထိုခေတ်နိုင်ငံရေးအခြေအနေများအရ အလောတကြီး ဖောက်လုပ်ရန် မလိုအပ်သေးဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ရာ ဖောက်လုပ်ခြင်း မပြုနိုင်ခဲ့ပေ။

အိန္ဒိယဘုရင်ခံချုပ်နှင့်ကောင်စီမှ ပယ်ချလိုက်ပြီးနောက် ၁၉၀၅ခုနှစ်တွင် စစ်တကောင်း-ဇီးတပင်-ဇီးကုန်း လမ်းပိုင်း ဖောက်လုပ်ရန် မြန်မာနိုင်ငံအစိုးရမှ ထပ်မံကြိုးစားခဲ့သည်။ အဆိုပါလမ်းပိုင်းအား ဒေသခံရန်ပုံငွေမှ ကျခံပြီး မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အရှည်နိုင်(၄၉၀) ရှိပြီး ရူးပီးငွေကျပ် (၈၄)သန်း ကုန်ကျမည်ဖြစ်သည်။ ထို့နောက် ပထမကမ္ဘာစစ် ဖြစ်ပွားလာရာ စီမံကိန်း ရပ်စဲခဲ့ရသည်။[]

  1. နှစ်တရာပြည့် မီးရထား၊ အိန္ဒိယ-မြန်မာ မီးရထားလမ်း၊ စာ၄၀-၄၁ ၊ ၁၉၇၇ခုနှစ်