အိမ်ထောင်ပြုခြင်းအပေါ် ဗုဒ္ဓဘာသာအမြင်

အိမ်ထောင်ပြုခြင်းအပေါ် ဗုဒ္ဓဘာသာအမြင် သည် ဘာသာရေးနှင့် မပတ်သက်သည့် ကိစ္စဟု သတ်မှတ်ထားသည်။[၁] ထို့ပြင် အိမ်ထောင်ပြုခြင်းကို ဓမ္မနှင့် ဆက်စပ်သည့်အမှုဟု သတ်မှတ်ထားခြင်းလည်း မရှိပေ။[၂] ဗုဒ္ဓဘာသာဝင်များသည် သူတို့၏ လေးစားရသည့် အုပ်ထိန်းသူများက ထုံးတမ်းဥပဒေများနှင့်အညီ အိမ်ထောင်ပြုပေးခြင်းကို လေးစားလိုက်နာကာ ဆောင်ရွက်ကြသည်။[၂]

ဗုဒ္ဓဘာသာဝင် အများစုသည် လက်ထပ်မင်္ဂလာပွဲပြီးဆုံးသည့်အခါတွင် ရဟန်းများထံမှ ဆုတောင်းခံယူခြင်းကို ဆောင်ရွက်လေ့ရှိသည်။[၁]

သမိုင်း ပြင်ဆင်ရန်

ဂေါတမဗုဒ္ဓသည် အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သောစကား မည်သည့်အခါမျှ မပြောကြားခဲ့ပေ။[၃] သို့သော်လည်း အိမ်ထောင်ပြုရာတွင် ကြုံတွေ့လာရမည့် အခက်အခဲအချို့ကိုမူ ပြောကြားခဲ့သည်။[၃] ဗုဒ္ဓသည် ပရဘာဝ သုတ္တန်တွင် “မိမိ၏ မယားဖြင့် တင်းတိမ်မှုမရှိဘဲ အခြားသူများ၏မယားများနှင့် ပြည့်တန်ဆာများနှင့် သွားလာခြင်းသည် ထိုသူ၏ ပျက်စီးရာပျက်စီးကြောင်း ဖြစ်သည်”[၄] ဟု ဟောကြားတော်မူခဲ့သည်။

အမြင် ပြင်ဆင်ရန်

ပါဠိစာပေတွင် သာသနာ့ဘောင်သို့ ဝင်ရောက်လာသည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် လိင်တူဖြစ်စေ လိင်မတူဖြစ်စေ ကာမဆက်ဆံမှုသည် အတားအဆီးများ ဖြစ်သည်ဟု ဖော်ပြထားသည်။ လိင်တူကာမဆက်ဆံခြင်းကို အချို့စာပေများတွင် ပြင်းပြင်းထန်ထန်ပင် ရှုတ်ချထားသည်။ ဤသည်ကို ဒလိုင်းလားမားက “ဗုဒ္ဓဘာသာ၏ အမြင်အရ အမျိုးသားအချင်းချင်းနှင့် အမျိုးသမီးအချင်းချင်း ဆက်ဆံမှုသည် လိင်ပိုင်းဆိုင်ရာအရ ဆိုးသွမ်းသည့်အပြုအမူ” ဟု ပြောခဲ့သည်။[၅]

ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို တိုက်တွန်းမှု၊ ဟန့်တားမှု မရှိသော်လည်း လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို သိင်္ဂါလောဝါဒသုတ်တွင် ဟောကြားတော်မူခဲ့သည်။ ဤသုတ္တန်တွင် ခင်ပွန်း၏ ကျင့်ဝတ်များ၊ ဇနီး၏ ကျင့်ဝတ်များ စသည်တို့ကို ဟောကြားတော်မူခဲ့သည်။[၆][၇][၈]

တိဘက်ဗုဒ္ဓဘာသာ ပြင်ဆင်ရန်

ဒလိုင်းလားမားက အိမ်ထောင်ပြုခြင်း၏ အကျိုးနှင့် ပတ်သက်၍ “အနောက်နိုင်ငံမှ လူများစွာတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ အရှုံးပေါ်နေကြသည်။ သူတို့သည် တစ်ဦးပေါ်တစ်ဦး နားလည်လေးစားမှုရှိခြင်း၊ အခြားသူတစ်ဦးတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် နက်ရှိုင်းစွာ လေးစာမှု,ယုံကြည်မှု, နားလည်မှုများကိုလည်း နားလည်မှု မရှိပေ။ လွယ်လွယ်ရ လွယ်လွယ်စွန့်ခြင်းသည် သူတို့အား ပိုမိုလွတ်လပ်မှုများကို ပေးသည် ....... သို့သော် ကျေနပ်နှစ်သိမ့်မှုမှာမူ နည်းပါးလျက်ရှိသည်” ဟု ဆိုခဲ့သည်။[၉]

ကွာရှင်းခြင်း ပြင်ဆင်ရန်

ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ဘာသာရေးနှင့်မသက်ဆိုင်ဟု သတ်မှတ်ထားသည့်အတွက်[၁] ကွာရှင်းခြင်း အပေါ်လည်း ကန့်သတ်ချက်များ မရှိပေ။[၁၀] Ven. K. Sri Dhammananda က “ခင်ပွန်းနှင့် ဇနီးဖြစ်သူတို့သည် အမှန်တကယ် အတူတကွ ပေါင်းသင်းရန် မဖြစ်နိုင်သည့်အခါတွင် စိတ်ပူပန်သောကများဖြင့် ဘဝကို ဖြတ်သန်းခြင်း၊ မနာလိုမှုများ, ဒေါသများနှင့် စိတ်နှလုံးနာကြည်းမှု စသည်တို့ ဖြစ်နေမည့်အစား လွတ်လပ်စွာကွာရှင်း၍ ငြိမ်းချမ်းစွာနေသင့်သည်” ဟု ဆိုခဲ့သည်။[၁၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Personal Ceremonies: Marriage / Funeral Rites။ Buddhanet.net။ 2012-06-06 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ A Basic Buddhism Guide: Buddhist Ethics။ Buddhanet.net။ 2012-06-06 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ A Happy Married Life: A Buddhist Perspective။ Accesstoinsight.org။ 2012-06-06 တွင် ပြန်စစ်ပြီး။
  4. Parabhava Sutta။ Buddhasutra.com။ 5 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-06 တွင် ပြန်စစ်ပြီး။
  5. Lattin၊ Don (1997-06-11)။ Dalai Lama Speaks on Gay Sex / He says it's wrong for Buddhists but not for society။ 2019-12-27 တွင် ပြန်စစ်ပြီး။
  6. Buddhist view on marriage။ Purifymind.com။ 2012-06-06 တွင် ပြန်စစ်ပြီး။
  7. Buddhist practices။ Londonbuddhistvihara.org။ 27 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-06 တွင် ပြန်စစ်ပြီး။
  8. Sigalovada Sutta။ Accesstoinsight.org (2012-03-24)။ 2012-06-06 တွင် ပြန်စစ်ပြီး။
  9. HH Dalai Lama။ Khandro.net။ 2012-06-06 တွင် ပြန်စစ်ပြီး။
  10. Divorce။ Guide to Buddhism A to Z။ 24 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2020 တွင် ပြန်စစ်ပြီး။
  11. A Happy Married Life A Buddhist Perspective။ Access to Insight။