မြန်မာမင်းများလက်ထက် ကျင့်သုံးခေါ်ဝေါ်သော ဓလေ့ထုံးစံစည်းမျည်းတစ်ခု ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်တွင် နောင်ဆက်လက်ဆက်ခံမည့် မင်းလောင်းမင်းလျာအဖြစ် လျာထားသတ်မှတ်ခြင်းခံရသူကို ခေါ်ဝေါ်သည်။ အိမ်ရှေ့မင်းအဖြစ် နာမည်အကျော်ကြားခဲ့ဆုံး ပုဂ္ဂိုလ်မှာ ကုန်းဘောင်ခေတ် ကနောင်မင်းသားဖြစ်သည်။ အိမ်ရှေ့မင်းအမည်ဖြင့်လည်း ကနောင်မင်းသားအကြောင်း ရေးသားထားသော စာအုပ်ရှိသည်။ အိမ်ရှေ့မင်းမှ ဘုရင်အဖြစ်သို့ရောက်ရှိလာခြင်းမှာ နဲပါးပါသည်။ များသောအားဖြင့် မွေးဖွားလာသော သားတော်များအနက်မှ အကြီးဆုံးသားတော်ကို အိမ်ရှေ့မင်းအဖြစ် သတ်မှတ်ပေးပြီး ထီးညွန့်နန်းလျာအဖြစ် သတ်မှတ်ကျသည်။ ကနောင်မင်းသားကြီးမှာ မင်းတုန်းမင်း၏ ညီတော်ဖြစ်ခဲပြီး အိမ်နိမ့်စံမှ ဘုရင်အဖြစ်သို့ ရရှိသည်အထိ ကနောင်မင်းသားကြီးမှ စွမ်းဆောင်ပေးခဲ့သောကြောင့် အိမ်ရှေ့မင်းအဖြစ် သတ်မှတ်ချီးမြင့်ပေးခဲ့သည်။