အိုကေ (OK၊ Ok၊ ok၊ okay၊ O.K) သည် အတည်ပြုချက်၊ လက်ခံမှု၊ သဘောတူညီချက်၊ ထောက်ခံမှု၊ အသိအမှတ်ပြုမှု သို့မဟုတ် လျစ်လျူရှုခြင်း၏ လက္ခဏာတို့ကိုဖော်ပြသည့် အမေရိကန် အင်္ဂလိပ် စကားလုံးဖြစ်သည်။ အိုကေကို အခြားဘာသာစကားများတွင် မွေးစားစကားလုံးအဖြစ် မကြာခဏအသုံးပြုသည်။ ၎င်းကို ကမ္ဘာပေါ်တစ်ဝှမ်း မကြာခဏပြောလေ့ရှိသော သို့မဟုတ် ရေးသားလေ့ရှိသည့်စကားလုံးအဖြစ် ဖော်ပြထားသည်။[၁] ထိုစကားလုံး၏ မူလရင်းမြစ်မှာ အငြင်းပွားဖွယ်ဖြစ်နေသည်။

ရီမုတ်တစ်ခုရှိ "အိုကေ" ခလုတ်

နာမဝိသေသနအနေဖြင့် အိုကေသည် "ကောင်းသည်" နှင့်ယှဉ်လျှင် အဓိကအားဖြင့် "လုံလောက်သော" သို့မဟုတ် "လက်ခံနိုင်သော" ဟူသော အဓိပ္ပါယ်ကိုဆောင်ပြီး "ဆိုးသည်" နှင့်ယှဉ်ပါက "အလယ်အလတ်လောက်သာ" ဟုအဓိပ္ပာယ်ရသည်။ ကြိယာကြိယာဝိသေသနအာမေဍိတ်အနေဖြင့်လည်း အသုံးပြုနိုင်သည်။[၂] ‌အများအားဖြင့် အတည်ပြုချက်များရယူရာတွင် အသုံးပြုလေ့ရှိသည်။

ယူနီကုဒ် ပြင်ဆင်ရန်

  • U+1F197 🆗 squared ok
  • U+1F44C 👌 ok hand sign
  • U+1F44D 👍 thumbs up sign
  • U+1F592 🖒 reversed thumbs up sign
  • U+1F646 🙆 face with ok gesture

ကိုးကား ပြင်ဆင်ရန်

  1. "OK, 'most spoken word on the planet', marks its 175th anniversary"၊ 23 March 2014။ 
  2. Couper-Kuhlen၊ Elizabeth (2021)၊ "The prosody and phonetics of OKAY in American English"၊ in Betz၊ Emma; Deppermann၊ Arnulf; Mondada၊ Lorenza; Sorjonen၊ Marja-Leena (eds.)၊ OKAY across Languages: Toward a comparative approach to its use in talk-in-interaction၊ Studies in Language and Social Interaction၊ John Benjamins၊ pp. 131–173၊ doi:10.1075/slsi.34.05couISBN 9789027260284ISSN 1879-3983S2CID 233623150 |s2cid= တန်ဖိုး စစ်ဆေးရန် (အကူအညီ)