အိုက်စကင်းစ်၊ ဗစ္စကောင့် ဂက်စတန်

ဗဲလဂျီယမ်နိုင်ငံ သမိုင်းတွင် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ ကာလအတွင်း ညွန့်ပေါင်း အစိုးရခြောက်ဖွဲ့ကို ဦးဆောင်ခဲ့ သည့်ပြင် နိုင်ငံရေးသိပ္ပံ ပါမောက္ခလည်း ဖြစ်သော ဗစကောင့် ဂက်စတန် အိုက်စကင်းစ်ကို ၁၉ဝ၅ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ဗဲလဂျီယမ်နိုင်ငံ လီယာမြို့၌ မွေးဖွားခဲ့သည်။

Gaston Eyskens
Prime Minister of Belgium
တာဝန်သက်တမ်း
17 June 1968 – 26 January 1973
ဧကရာဇ်Baudouin
ယခင်လူPaul Vanden Boeynants
ဆက်ခံသူEdmond Leburton
တာဝန်သက်တမ်း
26 June 1958 – 25 April 1961
ဧကရာဇ်Baudouin I of Belgium
ယခင်လူAchille Van Acker
ဆက်ခံသူThéo Lefèvre
တာဝန်သက်တမ်း
11 August 1949 – 8 June 1950
ဧကရာဇ်Prince Charles, Count of Flanders
ယခင်လူPaul-Henri Spaak
ဆက်ခံသူJean Duvieusart
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1905-04-01)၁ ဧပြီ၊ ၁၉၀၅
Lier, Belgium
ကွယ်လွန်၃ ဇန်နဝါရီ၊ ၁၉၈၈(1988-01-03) (အသက် ၈၂)
Leuven, Belgium
နိုင်ငံရေးပါတီChristian Social Party
ကြင်ဖော်(များ)Gilberte Depetter
မိခင်ကျောင်းCatholic University of Leuven
ကိုလမ်ဘီယာ တက္ကသိုလ်

အိုက်စကင်းစ်သည် ၁၉၃၁ ခုနှစ်မှစ၍ လိုဗိန်းတက္ကသိုလ်၌ ဘောဂဗေဒ ပါမောက္ခဖြစ်လာခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကက်သ လစ်ပါတီ (ယခုဆိုရှယ် ခရစ်ယာန်ပါတီ)ဝင် ပါလီမန်အမတ် အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ထို့နောက် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်ထိ ဆောင်ရွက်ခဲ့ သည်။

အိုက်စကင်းစ်သည် ဆိုရှယ်ခရစ်ယာန်-လစ်ဗရယ်ညွန့်ပေါင်း အစိုးရ (၁၉၄၉-၅ဝ) တွင် ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သည်။ ဗဲလဂျီယမ်နိုင်ငံသမိုင်းတွင် ၁၉၄ဝ ပြည့်နှစ်ကဂျာမန်တို့၏ ကျူး ကျော်စစ်ကို ၁၈ ရက်ကြာ ခုခံပြီးနောက် လက်နက်ချကာ ပြည်ပ သို့ ထွက်သွားခဲ့သော တတိယမြောက် လီယိုပိုဘုရင်ကိုဆန့်ကျင် လှုပ်ရှားမှုများရှိခဲ့ရာ ဗဲလဂျီယမ်နိုင်ငံ လွတ်လပ်ရေး ရရှိသော ၁၉၄၄ ခုနှစ်၏ နောက်ပိုင်းကာလတွင်လည်း ယင်းလှုပ်ရှားမှုများကြောင့် နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်ခဲ့သည်။

ပြည်ပရောက် လီယိုပိုဘုရင်ပြန် လာလိုကြောင်း အဆိုပြုလာ သည့် ကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်ရာမှ လစ်ဗ ရယ်တို့ နုတ်ထွက် သွားကြသဖြင့် ၁၉၅ဝ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် အိုက်စကင်းစ်သည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ် ခဲ့ရသည်။

အိုက်စကင်းစ်သည် ၁၉၅၈ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရ အဖွဲ့သစ် တစ်ရပ်ကို ဦးဆောင်ခဲ့ရပြန်သည်။ အစိုးရကျောင်းများ နှင့် ခရစ်ယာန်ဘုန်းကြီးကျောင်းများအား ငွေကြေးအကူအညီကို တစ်ပြေးညီ ထောက်ပံ့သည့် ကျောင်းများဆိုင်ရာ သဘောတူစာ ချုပ်တစ်ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြင့် ကက်သလစ် ကျောင်းများ အားနိုင်ငံတော်၏ ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ကာလရှည်ကြာစွာ အငြင်းပွားနေခြင်းကို ပြေငြိမ်းစေခဲ့သည်။

ထို့ပြင် ဗဲလဂျီယမ်အစိုးရသည် ဗဲလဂျီယမ်ကွန်ဂိုကိုလိုနီ၏ နိုင်ငံရေး၊ စီးပွားရေးပြဿနာများကိုဖြေရှင်း ပေးနိုင်ခြင်း မရှိတော့ ကြောင်းကို အိုက်စကင်းစ်သည် တွက်ဆသိမြင်လာ၍ ယင်းကိုလို နီအား လွတ်လပ်ရေး ပေးရန် ပါလီမန်ကို အကျိုးသင့်အကြောင်း သင့် ရှင်းလင်းတိုက်တွန်းခဲ့သည်။ ဗဲလဂျီယမ်ကွန်ဂို(ဇိုင်ယာ)အား ၁၉၆ဝ ပြည့်နှစ် ဇွန်လ ၃ဝ ရက်နေ့တွင် လွတ်လပ်ရေးပေးပြီး နောက် ယင်းနိုင်ငံ၌ သွေးချောင်းစီးသော ပြည်တွင်းစစ် ပေါ် ပေါက်ခဲ့ရခြင်းကြောင့်လည်းကောင်း၊ ဗဲလဂျီယမ် နိုင်ငံ၌ပင်လျှင် စီးပွားရေး ပြဿနာများရှိလာခြင်းကြောင့်လည်းကောင်း ၁၉၆၁ ခုနှစ် မတ်လ ရွေးကောက်ပွဲ၌ အိုက်စကင်းစ်၏ အစိုးရအဖွဲ့ အရေးနိမ့်ခဲ့သည်။

အိုက်စကင်းစ်သည် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်မတ်လအထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထပ်မံတာဝန်ထမ်း ဆောင်ရပြန်သည်။ ၁၉၆၈ ခုနှစ် ဇွန်လတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ရပြန် သည်။ ဗဲလဂျီယမ်နိုင်ငံတွင် ပြည်တွင်းပြဿနာများ၏ ဇာစ်မြစ် မှာ နိုင်ငံဘာသာစကားအလိုက် ဒေသသုံးပိုင်း ကွဲပြားနေခြင်းတွင် တည်လေ့ ရှိပေသည်။ နယ်သာလန်နှင့် နယ်စပ်တစ်လျှောက်ရှိ မြောက်ပိုင်းဒေသဖြစ်၍ ဒတ်ခ်ျ စကားပြောဆိုသောဖလန်း ဒါးစ် ဒေသ၊ ပြင်သစ်နှင့် နယ်စပ်ဒေသတစ်လျှောက်ရှိ တောင်ပိုင်းဒေသ ဖြစ်၍ ပြင်သစ်စကားပြောဆိုသောဝေါ လိုနီးယားဒေသ၊ ယင်းဒေ သနှစ်ရပ် အကြားရှိ အလယ်ပိုင်း လွင်ပြင်ဖြစ်၍ ဒတ်ခ်ျစကား (ဖလင်းမစ်ရှ်) နှင့် ပြင်သစ်စကား နှစ်မျိုးစလုံးကို သုံးနှုန်းပြောဆို သော ဗရပ်ဆဲဒေသဟူ၍ ကွဲပြားနေခြင်းဖြစ်သည်။ အိုက်စကင်းစ် ၏အစိုးရအဖွဲ့သည် ဝေါလိုနီးယားနှင့် ဖလန်းဒါးစ်တို့အား ကိုယ် ပိုင်အုပ်ချုပ်ရေး အပ်နှင်းသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် တစ်ရပ်ကို ၁၉၇ဝ ပြည့်နှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ သည်။ အိုက်စကင်းစ်သည်၁၉၇၂ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီး ချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဗဲလဂျီယမ် နိုင်ငံတွင် ၁၉၈၁ ခုနှစ် ဧပြီလ ၆ ရက်နေ့က ဆိုရှယ်လစ်နှင့် ခရစ်ယာန် ဒီမိုကရက် ညွန့်ပေါင်း အစိုးရအဖွဲ့ သစ်ကိုဦးဆောင်၍ ဝန်ကြီးချုပ်ဖြစ်လာသော မတ်ခ်အိုက်စကင်းစ် သည် ဂက်စတန်အိုက် စကင်းစ်၏ သားဖြစ်သည်။

အီကိုနောမစ်ရှဲ သီအိုရီ အင် အီကိုနောမစ်ရှဲ ပိုလစ်တီယက်ခ် (၁၉၅၆) အပါအဝင် နိုင်ငံရေး ဘောဂဗေ ကျမ်းများစွာကို ရေး သားပြုစုခဲ့သည့် ဗဲလဂျီယမ် ဝန်ကြီးချုပ်ဟောင်း ဗစ္စကောင့်ဂက်စ တန် အိုက်စကင်းစ် သည် ၁၉၈၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ တွင် လိုဗိန်းမြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)