အိုင် ဆိုသည်မှာ ကုန်းပတ်လည်ဝိုင်းနေသော နေရာတွင် ရေများစုသော ဧရိယာတခုဖြစ်၏။ မြစ် သို့မဟုတ် အခြား ရေထွက်တခုခုမှ ရေတို့ဝင်ကာ စုနေသောနေရာကို အိုင်ဟု မခေါ်။ အိုင်တို့သည် ကုန်းမြေကိုသာ အမှီသဟဲပြုပြီး ပင်လယ်၏ တစိတ်တဒေသလည်း မဖြစ်ရပေ။ သို့သော် အိုင်သည် ပင်လယ်သို့ပင် ကမ္ဘာကြီး၏ ရေသံသရာကို ကောင်းစွာလည်ပတ်စေသော ခွေးသွားစိတ်တခုဖြစ်သည်။ ပင်လယ်များ၏ ကမ်းစပ်တို့၌ရှိသော ရေတိမ်အိုင်များနှင့် အတော်ပင် ကွဲပြားသည်။ ပိုကြီး၍ ပိုနက်သော ရေဝပ်ကန်ဟု ဆိုပါက နီးစပ်၏။ သို့သော် ရေဝပ်ကန် နှင့် အိုင်ကို သိပ္ပံနည်းကျ ခွဲခြားထားခြင်း မရှိသေး။ မြောင်းအတိုင်းစီးသော ချောင်း၊ မြစ် တို့နှင့်မူ လွဲစရာမရှိလှ။

နယ်သာလန်နိုင်ငံရှိ ‌အိုင်တခု

အိုင်တို့ကို တောင်တန်းဒေသ၊ ချိုင့်ဝှမ်းဒေသ၊ အမြဲရေခဲနေသောဒေသတို့၌ တွေ့ရသည်။ မြေနိမ့်ရေစုရပ်(မြစ်ဝကျွန်းပေါ်)တို့တွင်၎င်း၊ မြစ်ကြောင်းမှသည် ကျယ်ပြန့်ကာ မြစ်ဝကျွန်းပေါ်ဖြစ်သွားချိန်၌၎င်း အချို့ကန်တို့ ဖြစ်လာသည်ကို မြင်နိုင်သေး၏။ နောက်ဆုံး ရေခဲခေတ်မှ ကသောင်းကပြောင်း အရည်ပျော်မှုတို့ကြောင့် ကမ္ဘာ့အချို့နေရာများတွင် အထက်ပါသဘောတရားတို့နှင့် မညီဘဲ အိုင်ဖြစ်နေသည်ကိုလည်း တွေ့ရသေးသည်။ ၎င်းတို့သို့ ရေစုရပ်မှ ရေများ တစိမ့်စိမ့်ဝင်၍သာ သက်တမ်းရှည်ရသဖြင့် ဘူမိဗေဒ အချိန်အပိုင်းအခြားအရမူ အိုင်ဟူသမျှမှာ ယာယီသာတည်း။

အိုင်အများစုကို လူတို့က တူးကာ စက်မှုလုပ်ငန်းအတွက်၎င်း၊ စိုက်ပျိုးရေးအတွက်၎င်း၊ ရေအားလျှပ်စစ်အတွက်၎င်း၊ သုံးရေအဖြစ် သုံးရန်၎င်း၊ စိတ်အပန်းဖြေရန်၎င်း၊ အခြားရည်ရွယ်ချက်တို့ဖြင့်၎င်း သုံးသည်။ ၎င်းကို ကန် ဟု ခေါ်၏။