အိုင်ဒီယာ(Ideas)ဆိုသည်မှာ−

ရှိပြီးသား အ​​​ဟောင်းတွေကို အသစ်တစ်ခုဖြစ်အောင် ပေါင်းစပ်ပေးလိုက်တာပါဘဲ။
အဲဒါထက် ပိုတယ်လိုတယ် မရှိပါဘူး။
ဂျိမ်းစ်ဝက်ဘ်ယန်း(Jame Webb Young)

အထက်ပါ အဆိုအရ အိုက်ဒီယာတစ်ရပ်ကို မည်သို့ ရရှိနိုင်ကြောင်း လက်တွေ့ကျကျ ဖော်ညွှန်းထားခြင်း ဖြစ်သည်။ စားသောက်ဖွယ် ဟင်းလျာအသစ် တစ်ခွက်အတွက် အစပ်အဟပ်တည့်အောင် စီစဉ်ဖန်တီးသည်နှင့် တူသည်။ မိမိသိထားပြီးဖြစ်သည့် ဟင်းချက်စရာ အချို့ကို ယူကာ နည်းလမ်းသစ် တစ်မျိုးဖြင့် ရောနှော ချက်လိုက်ခြင်း သဘောအတိုင်းပင် ဖြစ်သည်။

ယင်းကိစ္စကို ဆောင်ရွက်ရန်အတွက် ဘုန်းကံပါရမီရှိသူ၊ သိပ္ပံပညာရှင်၊ နိုဘယ်ဆုရသူ၊ ကမ္ဘာကျော် အနုပညာရှင် သို့မဟုတ် တီထွင်ပါရဂူ တစ်ဦးတစ်ယောက်မျှ မလိုပါ။ သူလိုငါလို သာမန်လူတစ်ယောက်ကလည်း ဆောင်ရွက်နိုင်သည်။

အဓိကသော့ချက် ပြင်ဆင်ရန်

အိုက်ဒီယာ ထုတ်ယူရာတွင် အကြောင်းအရာတို့ကို ပေါင်းစပ်ပေးခြင်း(Combining)ပင် ဖြစ်သည်။ ပူးပေါင်းခြင်း၊ ဆက်စပ်ခြင်း၊ နီးကပ်စွာ နေရာချထားခြင်း၊ ခြုံငုံပေါင်းစပ်ခြင်း၊ ဖွဲ့စည်းတည်ဆောက်ခြင်းတို့ ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင့်ဇော်ထွန်းအောင် ရေး အိုက်ဒီယာ ဘယ်လိုထုတ် စာအုပ်မှ