အိုင်ဗာနာ မာရီ "အိုင်ဗန်ကာ" ထရမ့် (/ɪˈvɑːŋkə/၊ ၁၉၈၁ အောက်တိုဘာ ၃၀ ဖွား) သည် အမေရိကန်စီးပွားရေးသမား၊ ဖက်ရှင်ဒီဇိုင်နာ၊ စာရေးသူနှင့် ဖြစ်ရပ်မှန်တီဗီတင်ဆက်သူတစ်ဦးဖြစ်သည်။ သူသည် ၄၅ ဆက်မြောက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ဒေါ်နယ်လ် ထရန့် နှင့် မော်ဒယ်ဟောင်း အိုင်ဗန်နာ ထရမ့် တို့၏ သမီးဖြစ်သည်။ အိုင်ဗန်ကာထရမ့်သည် သူ့ဖခင်၏ အကြီးတန်းအကြံပေးတစ်ဦးဖြစ်ပြီး သမ္မတမိသားစုတစ်စုအတွင်း ပထမဆုံး ဂျူးဘာသာဝင်လည်း ဖြစ်သည်။ သူသည် ဂျူးဘာသာကိုးကွယ်သူ သူ့ခင်ပွန်း Jared Kushner နှင့် လက်မထပ်မီ ဘာသာကူးပြောင်းခဲ့ခြင်း ဖြစ်သည်။[၁]

Ivanka Trump
First Daughter and Advisor to the President
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
March 29, 2017
သမ္မတဒေါ်နယ်လ် ထရန့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားIvana Marie Trump
(1981-10-30) အောက်တိုဘာ ၃၀၊ ၁၉၈၁ (အသက် ၄၂)
New York City, New York, U.S.
နိုင်ငံရေးပါတီIndependent
ကြင်ဖော်(များ)Jared Kushner (လက်ထပ် ၂၀၀၉)
သားသမီး3
မိဘ
ဆွေမျိုးသားချင်း'
ပညာရေးGeorgetown University
University of Pennsylvania (BSc)

အိုင်ဗန်ကာသည် ကုမ္ပဏီကို ထူထောင်ခဲ့သူ သူ့အဘွား၏ အမေ Elizabeth Christ Trump နှင့် ဖခင် ဒေါ်နယ်လ် ထရမ့်၏ခြေရာကို နင်းနိုင်သည့် လေးဆက်မြောက် စီးပွားရေးသမားဖြစ်သည်။ အိုင်ဗန်ကာသည် မိသားစုပိုင် Trump Organization ၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်သည်။ သူ့ဖခင်၏ ရုပ်သံအစီအစဉ် The Apprentice တွင် ဒိုင်တစ်ဦးလည်း ဖြစ်သည်။[၂] သမ္မတအကြီးတန်းအကြံပေးအဖြစ် သူ့ခင်ပွန်း ခန့်အပ်ခံရပြီးနောက် ၂၀၁၇ ဇန်နဝါရီလတွင် အိုင်ဗန်ကာသည် ဝါရှင်တန်ဒီစီ သို့ ပြောင်းရွှေ့လာခဲ့သည်။

၂၀၁၇ မတ်လမှစ၍ အိုင်ဗန်ကာသည် သူ့ဖခင်၏ သမ္မတအစိုးရအဖွဲ့တွင် ပါဝင်ထမ်းဆောင်ခဲ့သည်။ အစိုးရအဖွဲ့အတွင်း တရားဝင်မပါဝင်မီကတည်းက သူ့ကိုသမ္မတ၏ အတွင်းလူအဖြစ် မှတ်ယူခံခဲ့ရသည်။[၃]

ငယ်ဘဝ ပြင်ဆင်ရန်

အိုင်ဗန်ကာ မာရီထရမ့်ကို[၄] နယူးယောက် မြို့ ၊ မန်ဟက်တန် တွင် မွေးဖွားခဲ့ပြီး ချက်-အမေရိကန်မော်ဒယ် အိုင်ဗန်နာနှင့် ဒေါ်နယ်လ် ထရမ့် တို့၏ ဒုတိယသမီးဖြစ်သည်။[၅] ဖခင်ဖြစ်သူသည် ဂျာမန်နှင့်[၆] စကော့အဆက်အနွယ်ဖြစ်ပြီး[၇] မိခင်ဖြစ်သူမှာ ချက်နှင့် ဩစတြေးလျအဆက်အနွယ်ဖြစ်သည်။[၈] သူ့ဘဝတစ်လျောက်လုံး သူ့ကို အိုင်ဗန်ကာဟု ခေါ်ခဲ့ကြသည်။[၉] မိဘများသည် သူအသက် ၁၀ နှစ်အရွယ် ၁၉၉၂ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။ သူ့တွင် အစ်ကိုနှင့် မောင်ဖြစ်သည့် ဒေါ်နယ်ထရမ့် ဂျူနီယာ Donald Jr. နှင့် အဲရစ် Eric၊ အဖေတူအမေကွဲ ညီအစ်မ တစ်ဖနီTiffany နှင့် အဖေတူအမေကွဲမောင် ဘာရွန် Barron ရှိသည်။

အသက်မွေးဝမ်းကြောင်းအလုပ် ပြင်ဆင်ရန်

စီးပွားရေး ပြင်ဆင်ရန်

အိုင်ဗန်ကာသည် Forest City Enterprises အတွက် ခေတ္တအလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် သူသည် မိသားစုစီးပွားရေးလုပ်ငန်းထဲ ပါဝင်ခဲ့ပြီး ထရမ့်အဖွဲ့အစည်းတွင် ဖွံ့ဖြိုးရေးနှင့် ရာထူးခန့်အပ်ရေး လက်ထောက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။[၁၀]

၂၀၀၇ ခုနှစ်တွင် သူသည် စိန်ရောင်းချသည့် Moshe Lax နှင့် ပူးပေါင်းပြီး အိုင်ဗန်ကာထရမ့်ကျောက်မျက်ရတနာလုပ်ငန်းကို ထူထောင်ပြီး သူ၏ ပထမဆုံး ကျောက်မျက်ရတနာဆိုင်ကြီးကို မန်ဟက်တန်တွင် စတင်ဖွင့်လှစ်သည်။[၁၁][၁၂] ၂၀၁၁ နိုဝင်ဘာလတွင် သူ့ဆိုင်ကို မာဒီဆင်ရိပ်သာလမ်းမှ ပိုမိုကျယ်ဝန်းသည့် ၁၀၉ မာဆာလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။[၁၃][၁၄]

သူသည် အိုင်ဗန်ကာထရမ့်အမည်ဖြင့် အဝတ်အထည်၊ လက်ကိုင်အိတ်၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းအပါအဝင် ဖက်ရှင်ပစ္စည်းများကိုလည်း ထုတ်လုပ်ပြီး အမေရိကန်နှင့် ကနေဒါစတိုးဆိုင်ကြီးများတွင် ရောင်းချသည်။[၁၅] သူ့ဒီဇိုင်းသည် အခြားဒီဇိုင်နာများ၏ ဒီဇိုင်းကို ကူးချကြောင်း စွပ်စွဲခံရပြီး[၁၆][၁၇] PETA နှင့် အခြားတိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ယုန်မွေးသုံးမှုကြောင့် ဝိုင်းဝန်းဝေဖန်မှုကို ခံခဲ့ရသည်။[၁၈][၁၉]

၂၀၁၈ ဇူလိုင်လတွင် အိုင်ဗန်ကာထရမ့်က ဖက်ရှင်ကုမ္ပဏီကို ပြန်မလုပ်တော့ဘဲ နိုင်ငံရေးကို ဇောက်ချလုပ်ရန်အတွက် သူ့ကုမ္ပဏီကိုပိတ်ရန် ဆုံးဖြတ်ထားကြောင်း ကြေညာခဲ့သည်။[၂၀][၂၁]

မော်ဒယ်လုပ်ငန်း ပြင်ဆင်ရန်

 
၂၀၀၇၊ ဇူလိုင်လက အိုင်ဗန်ကာ

အိုင်ဗန်ကာသည် ဆယ်ကျော်သက်ဘဝက အဆောင်နေခဲ့စဉ် မော်ဒယ်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး "စနေ၊ တနင်္ဂနွေနှင့် ကျောင်းပိတ်ရက်များတွင်ဖြစ်ပြီး စာသင်ချိန်တွင်တော့ မလုပ်ကိုင်ခဲ့"ဟု သူ့မိခင် အိုင်ဗန်နာထရမ့်က ပြောခဲ့သည်။ သူသည် တော်မီဟီလ်ဖစ်ဂါနှင့် ဆက်ဆွန်ဂျင်းတို့အတွက် ကြော်ငြာများတွင် ပါဝင်ပြီး ဗားဆေ့စ်၊ မာ့ခ် ဘိုးဝါးနှင့် သယ်ရီမာဂလာတို့အတွက် ဖက်ရှင်ရှိုးပွဲများတွင် ပါဝင်လျှောက်လှမ်းခဲ့သည်။ ၁၉၉၇ မေလတွင် သူသည် ဆယ်လီအမေနှင့် သမီးများခေါင်းစဉ်ဖြင့် ဆယ်ဗန်တင်းမဂ္ဂဇင်းတွင် မျက်နှာဖုံးမှပါဝင်ခဲ့သည်။

အိုင်ဗန်ကာသည် ထရမ့်အဖွဲ့အစည်းတွင် အမှုဆောင်ရာထူးကို ရယူခဲ့သည်။ မကြာမီ သူ့ကျောက်မျက်၊ ဖိနပ်နှင့် အဝတ်အစားဒီဇိုင်းများ ကို စတင်ရောင်းချပြီး ထရမ့်အဖွဲ့အစည်းနှင့် သူ့ထုတ်ကုန်များအတွက် ကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

စာအုပ်များ ပြင်ဆင်ရန်

၂၀၀၉ အောက်တိုဘာလတွင် အိုင်ဗန်ကာသည် ပထမဆုံး ကိုယ်ဒူးကိုယ်ချွန်စာအုပ် The Trump Card: Playing to Win in Work and Life ကို ထုတ်ဝေခဲ့သည်။ ရှဲဒိုးစာရေးဆရာ Daniel Paisner က ထိုစာအုပ်ကို သူ ပူးတွဲရေးသားခဲ့ကြောင်း ပြောပြခဲ့သည်။

၂၀၁၇ မေလတွင် သူ့ဒုတိယ ကိုယ့်ဒူးကိုယ်ချွန်စာအုပ် Women Who Work: Rewriting the Rules for Success ကို ထုတ်ဝေခဲ့ပြန်သည်။ သူသည် စာရေးဆရာတစ်ဦး၊ သုတေသီတစ်ဦးနှင့် အချက်အလက်စစ်ဆေးသူတစ်ဦး၏ ဝန်ဆောင်မှုများကို သုံးခဲ့သည်။

ထရမ့်အစိုးရအဖွဲ့အတွင်း နိုင်ငံရေးလှုပ်ရှားမှုများနှင့် အခန်းကဏ္ဍ ပြင်ဆင်ရန်

၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုနှင့် ရွေးကောက်ပွဲ ပြင်ဆင်ရန်

၂၀၁၅ ခုနှစ်တွင် သူသည် သူ့ဖခင်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို လူသိရှင်ကြား ထောက်ခံခဲ့သည်။ သူသည် ဖခင်အားထောက်ခံသည့် လူထုစည်းရုံးပွဲများတွင် ပါဝင်မဲဆွယ်ပြီး ဖခင်ဖြစ်သူဘက်မှ ကာကွယ်ခဲ့သည်။ သို့သော် သူ့ဖခင်၏ သမ္မတဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ခံစားချက်ရောထွေးနေကြောင်း သူက ဝန်ခံသည်။ ၂၀၁၅ အောက်တိုဘာလက "နိုင်ငံသားတစ်ယောက်အနေနဲ့ အဖေ့လုပ်ရပ်တွေကို ကျွန်မ သဘောကျတယ်။ သမီးတစ်ယောက်အတွက်တော့ ပိုရှုပ်ထွေးတယ်"ဟု ပြောခဲ့သည်။ ၂၀၁၅ ဩဂုတ်လက ဒေါ်နယ်ထရမ့်က အိုင်ဗန်ကာသည် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အမျိုးသမီးရေးရာကိစ္စများတွင် သူ့အကြံပေးဖြစ်ကြောင်းနှင့် အမျိုးသမီးအပေါ် သူ့အမြင်များ တိုးတက်လာစေရန် ပဲ့ကိုင်ခဲ့သူမှာ သူ့သမီးဖြစ်ကြောင်း ပြောခဲ့သည်။

 
၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ကလေးပြုစုစောင့်ရှောက်မှု မူဝါဒအကြောင်း ဟောပြောနေသော အိုင်ဗန်ကာ (၂၀၁၆၊ စက်တင်ဘာ ၁၃)

၂၀၁၆ ဇန်နဝါရီတွင် အိုင်ဗန်ကာသည် အိုင်အိုဝါနှင့် နယူးဟမ့်ရှိုင်းယားပြည်နယ်များတွင် ထုတ်လွှင့်သော ရေဒီယိုကြော်ငြာတစ်ခုတွင် ပါဝင်ပြီး သူ့ဖခင်ကို ချီးကျူးခဲ့သည်။၂၀၁၆ က အစောပိုင်းမဲထည့်သည့် ပြည်နယ်ရလဒ်များတွင် သူ့ဖခင်၏ဘေးတွင် သူရှိခဲ့သည်။

၂၀၁၆ ဇူလိုင်တွင် ကျင်းပသည့် ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံ(RNC) တွင် ထရမ့်မိန့်ခွန်းမပြောမီ အိုင်ဗန်ကာက သူ့ဖခင်အတွက် နှုတ်ခွန်းဆက်စကားပြောခဲ့သည်။ သူဝင်လာချိန်တွင် အဖွင့်တေးအဖြစ် George Harrison ၏ "Here Comes the Sun" ကို အသုံးပြုခဲ့သည်။ သူက "ကျွန်မအဖေရဲ့ အကြီးမားဆုံးပါရမီတစ်ခုက လူတွေရဲ့အစွမ်းအစကို မြင်နိုင်စွမ်းရှိတာပါ"ဟု ပြောခဲ့ပြီး သူသည် "အမေရိကကို ပြန်လည်ကြီးမြတ်လာအောင် စွမ်းဆောင်ပေးလိမ့်မည်"ဟု ပြောခဲ့သည်။ Post သတင်းစာဆောင်းပါးတစ်ခုက အိုင်ဗန်ကာထရမ့်ဟောပြောခဲ့သည့် မူဝါဒများသည် သူ့ဖခင်ထက် ဟီလာရီ ကလင်တန် ၏ မူဝါဒများနှင့် ပိုမိုနီးစပ်မှုရှိသလားဟု မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်သမ္မတ အကြံပေးပုဂ္ဂိုလ် ပြင်ဆင်ရန်

ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီးနောက် အိုင်ဗန်ကာက သူ့ဖခင်၏ အစိုးရအဖွဲ့တွင် မည်သည့်ရာထူးမှ ထမ်းဆောင်မည်ကို ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် သူသည် ထရမ့်အဖွဲ့အစည်းရှိ သူ့ရာထူးမှ နုတ်ထွက်ခဲ့သည်။ အဖွဲ့အစည်းသည် ဖက်ဒရယ်ဥပဒေများနှင့်အညီ အိုင်ဗန်ကာထရမ့်နှင့် ဒေါ်နယ်ထရမ့်၏ ရုပ်ပုံများကိုလည်း သူတို့ဝဘ်ဆိုက်မှ ဖြုတ်ချခဲ့သည်။ သူ့ဖခင် သမ္မတဖြစ်ပြီး အစောပိုင်းကာလများတွင် သူသည် သမ္မတကတော်ထမ်းဆောင်ရမည့် တာဝန်အချို့ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်ဟု အချို့က မှတ်ချက်ပြုကြသည်။ အိုင်ဗန်ကာထရမ့်က သမ္မတကတော်ဖြစ်ရန် ရည်ရွယ်ချက်မရှိဟု ပြောခဲ့သည်။

 
၂၀၁၇၊ ဖေဖော်ဝါရီ ၂၈ က သမ္မတရုံးခန်းတွင် ကျင်းပသည့် INSPIRE Women Act လက်မှတ်ထိုးပွဲအခမ်းအနားကို တက်ရောက်နေသည့် အိုင်ဗန်ကာ (ယာအစွန်မှ လေးဦးမြောက်)

သူ့ဖခင်၏အစိုးရအဖွဲ့တွင် ပထမဆုံးနှစ်လအတွင်း အလွတ်သဘောအကြံပေးပြီးနောက် သူသည် ၂၀၁၇ မတ် ၂၉ ရက်တွင် သမ္မတအကြံပေးရာထူးဖြင့် အစိုးရဝန်ထမ်းတစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ သူသည် လစာမရယူပေ။ အစိုးရဝန်ထမ်းမဖြစ်မီက အစိုးရအလုပ်အတွက် ကိုယ်ရေးကိုယ်တာအီးမေးလ်ကို အသုံးပြုခဲ့သည်။

၂၀၁၇ ဧပြီလဆန်းပိုင်းတွင် တရုတ်အစိုးရသည် ထရမ့်စီးပွားရေးလုပ်ငန်းများထဲတွင် ကုန်အမှတ်တံဆိပ်များ တိုးချဲ့ခဲ့သည်။ အဆိုပါနေ့တွင် ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် ကို မာ-အာ-လာဂိုတွင် ဧည့်ခံခဲ့သည်။ အိုင်ဗန်ကာနှင့် ခင်ပွန်းကက်ရှ်နာတို့သည် နိုင်ငံတော်ညစာစားပွဲတွင် တရုတ်ခေါင်းဆောင်နှင့် ဇနီးသည် ဖုံလိယွမ် တို့၏ ဘေးတွင် ထိုင်ခဲ့သည်။ ခရီးစဉ်အတွင်း အိုင်ဗန်ကာနှင့် ကက်ရှ်နာတို့၏ အသက် ၅ နှစ်ရွယ်သမီး အရာဘယ်လာက ရှီအတွက် မန်ဒရင်းဘာသာစကားဖြင့် တရုတ်ရိုးရာသီချင်းတစ်ပုဒ်ကို သီဆိုခဲ့သည်။ ထိုဗီဒီယိုကို တရုတ်နိုင်ငံပိုင်မီဒီယာက ကျယ်ကျယ်ပြန့်ပြန့်အမွှန်းတင်ခဲ့ပြီး တရုတ်နာမည်ကျော်သတင်းဝဘ်ဆိုက်ဖြစ်သည့် Tencent QQ တွင် ကြည့်ရှုသည့်အကြိမ်ရေ ၂.၂ သန်းကျော်ရှိသည်။

အတ္ထုပ္ပတ္တိရေးသားသူနှင့် ဂျာနယ်လစ် မိုက်ကယ်ဝုဖ်က ဒေါ်နယ်ထရမ့်အသိုင်းအဝိုင်းအတွင်းမှ လူများကို အင်တာဗျူးအများအပြားလုပ်ပြီးနောက် စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ထိုစာအုပ်အတွင်း ဝုဖ်က ရင်းမြစ်မဖော်ပြဘဲ ရေးသားရာတွင် အိုင်ဗန်ကာနှင့် သူ့ခင်ပွန်းတို့သည် သဘောတူညီချက်တစ်ခု ထားထားကြပြီး "အကယ်၍ အနာဂတ်တွင် အခွင့်အရေးပေါ်လာပါက အိုင်ဗန်ကာသည် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်" ဟူသည့် သဘောတူညီချက်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ရက်စ် တေလာဆင် ရာထူးကထုတ်ပယ်ခံရပြီးချိန်တွင် အိုင်ဗန်ကာသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြုမူခဲ့သောကြောင့်လည်း တွစ်တာတွင် ဝေဖန်ခံခဲ့ရသည်။

ကိုယ်ရေးကိုယ်တာဘဝ ပြင်ဆင်ရန်

 
၂၀၁၇ ဖေဖော်ဝါရီက ဆောက်ကယ်ရိုလိုင်းနားပြည်နယ်၊ နော့သ် ချာလက်စတန်ရှိ ပွဲတစ်ခုတွင် တွေ့ရသော ကပ်ရှ်နာနှင့် အိုင်ဗန်ကာ

၂၀၁၇ ဇန်နဝါရီလအတွင်း ဖက်ဒရယ်ကြေညာချက်များအရ ၂၀၁၇ ခုနှစ်တွင် အိုင်ဗန်ကာနှင့် ခင်ပွန်းတို့၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း ၇၄၀ ရှိကြောင်း သိရသည်။

သူ့မိခင်၏အဆိုအရ အိုင်ဗန်ကာထရမ့်သည် ပြင်သစ်စကားပြောတတ်ပြီး ချက်ဘာသာစကားကို နားလည်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ဆာရာအယ်လီဆင်ရေးသားသည့် Vanity Fair စာအုပ်အတွင်း အိုင်ဗန်ကာထရမ့်သည် ဒေါ်နယ်ထရမ့်၏ အချစ်ဆုံးသမီးဖြစ်ကြောင်း မိသားစုဝင်တိုင်းက လက်ခံထားသည်ဟု ဖော်ပြထားသည်။

ပေါင်းသင်းဆက်ဆံရေး ပြင်ဆင်ရန်

ကောလိပ်တက်နေစဉ် အိုင်ဗန်ကာသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဂရက် ဟက်ရှ်နှင့် လေးနှစ်နီးပါး ချစ်ကြိုက်ခဲ့သည်။ ၂၀၀၁ မှ ၂၀၀၅ အတွင်း သူသည် ဂျိမ်းဘင်ဂို ဂူဘယ်မန်းနှင့် တွဲခဲ့သည်။

၂၀၀၅ ခုနှစ်တွင် သူသည် အိမ်ခြံမြေလုပ်ငန်းရှင် ဂျရတ် ကက်ရှ်နာနှင့် စတင်ချစ်ကြိုက်ခဲ့သည်။ ကက်ရှ်နာ၏မိဘများ ကန့်ကွက်မှုကြောင့် ၂၀၀၈ ခုနှစ်တွင် သူတို့လမ်းခွဲခဲ့သော်လည်း ၂၀၀၉၊ အောက်တိုဘာ ၂၅ တွင် ဂျူးထုံးစံနှင့်အညီ လက်ထပ်ခဲ့ကြသည်။ သူတို့တွင် သမီးတစ်ဦး၊ သားနှစ်ဦးရှိပြီး ၂၀၁၁ နှင့် နောက်ပိုင်းနှစ်များတွင် မွေးဖွားခဲ့သည်။

အိုင်ဗန်ကာသည် သူ့ဖခင်နှင့် အထူးနီးကပ်သူဖြစ်ပြီး ဖခင်ဖြစ်သူက သမီးကို ပွဲအများအပြားတွင် ချီးမွမ်းခန်းဖွင့်ခဲ့သည်။ အိုင်ဗန်ကာကလည်း သူ့ဖခင်ကို အလားတူ ချီးမွမ်းခဲ့ပြီး ဖခင်ဖြစ်သူ၏ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျူးပြီး သူ့ဖခင်သည် အခြားသူများကို စွမ်းအားပေးနိုင်သူဖြစ်သည်ဟု ဆိုခဲ့သည်။

ဆုနှင့် ဆန်ခါတင်ရွေးချယ်ခံရမှုများ ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်တွင် Wharton School of the University of Pennsylvania ၏ တရားဝင်ထုတ်ပြန်မှုအတွင်း ထရမ့်ကို ဝါတန်ကျောင်းက ချီးမြှင့်သည့် ဆုလေးဆုအနက် တစ်ဆုဖြစ်သည့် ဂျိုးဆက်ဟွာတန် လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခဲ့သည်။

ရည်ညွှန်းချက်များ ပြင်ဆင်ရန်

  1. Jewish first whether it's Trump or Clinton (in en) (July 5, 2016)။ January 17, 2018 တွင် ပြန်စစ်ပြီး။
  2. Ivanka M. Trump။ Trump.com (2016)။ October 24, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2016 တွင် ပြန်စစ်ပြီး။
  3. Executive Office Of The President Annual Report To Congress On White House Office Personnel White House Office As Of: Friday, June 30, 2017 (PDF) (in English)။ June 30, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 30, 2017 တွင် ပြန်စစ်ပြီး။
  4. Ivanka Trump [IvankaTrump] (December 28, 2010)။ My actual name is Ivana. In Czech, Ivanka is the baby name for Ivana, like Bobby is to Robert. RT @Saluxious Ivanka, how'd you get u r name? (in English)။ October 9, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 9, 2017 တွင် ပြန်စစ်ပြီး။
  5. 8 Things You Should Know About Ivanka Trump (December 9, 2016)။ January 26, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 5, 2017 တွင် ပြန်စစ်ပြီး။
  6. Dluzak၊ Alexander (February 29, 2016)။ Donald Trump's German roots (in en)။ November 19, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. Donald Trump's mother: From a Scottish island to New York's elite (in English) (January 19, 2017)။ March 30, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 25, 2017 တွင် ပြန်စစ်ပြီး။
  8. Prachi Gupta, "6 Things You Need to Know About Donald Trump's First Wife, Ivana". Cosmopolitan. March 16, 2017. Retrieved October 1, 2017.
  9. Ivanka Trump: Model, Businesswoman, Daughter to Republican Nominee (in en) (July 21, 2016)။ February 6, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 5, 2017 တွင် ပြန်စစ်ပြီး။
  10. Fitch၊ Stephane (2006)။ The Forbes 400 Richest Americans 2006: The Real Apprentices။ January 13, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. Trump၊ Ivanka (January 29, 2010)။ If I Owned a jewelry store။ InStoreMag.com။ September 18, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 27, 2016 တွင် ပြန်စစ်ပြီး။
  12. About။ IvankaTrump.com (September 23, 2014)။ June 9, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  13. DeMarco၊ Anthony (July 12, 2011)။ Luxury Jewelry Brands Ivanka Trump and Aaron Basha Relocate N.Y. Boutiques။ October 22, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 21, 2016 တွင် ပြန်စစ်ပြီး။
  14. Murrow၊ Lauren (November 29, 2011)။ Now Open: Inside Ivanka Trump's New Diamond-Packed Boutique။ October 22, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 21, 2016 တွင် ပြန်စစ်ပြီး။
  15. Store Locator: International Locations။ ivankatrumpfinejewelry.com။ October 22, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 21, 2016 တွင် ပြန်စစ်ပြီး။
  16. Moylan၊ Brian။ "Ivanka Trump Accused of Stealing Designs from Actual Fashion Designer"၊ Gawker၊ December 22, 2011။ Archived from the original on June 6, 2016။ 
  17. Yi၊ David။ "Ivanka Trump accused of copying popular shoe design"၊ Mashable၊ March 22, 2016။ Archived from the original on May 23, 2016။ 
  18. PETA tries to pull the rabbit out of Ivanka Trump's hat။ PubPolitica (February 17, 2016)။ June 30, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  19. Krieg၊ Gregory။ "PETA tries to pull the rabbit out of Ivanka Trump's hat"၊ CNN။ Archived from the original on July 4, 2016။ 
  20. Popken၊ Ben။ "Ivanka Trump is closing down her fashion business to focus on her White House role"၊ NBC News၊ July 24, 2018။ 
  21. Reuters Staff။ "Ivanka Trump closes fashion line to focus on helping her father"၊ Reuters၊ July 25, 2018။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်