လျှပ်စစ်ဓာတ်ဖို ဒြပ်စင်အက်တမ် တစ်ခုနှင့် လျှပ်စစ်ဓာတ်မ ဒြပ်စင်အက်တမ် တစ်ခုတို့ အချင်းချင်း ဓာတ်ပြုကြသောအခါ လျှပ်စစ်ဓာတ်ဖို ဒြပ်စင်အက်တမ်၏ အပြင်ဆုံးအခွံမှ အီလက်ထရွန်သည် လျှပ်စစ်ဓာတ်မ ဒြပ်စင်အက်တမ်၏ အပြင်ဆုံးအခွံသို့ လုံးလုံးလျားလျား ကူးပြောင်းသွားခြင်းဖြင့် ဓာတ်ဖိုနှင့် ဓာတ်မအိုင်ယွန်များ ဖြစ်ပေါ်လာကြသည်။ ဆန့်ကျင်ဘက် လျှပ်စစ်ဆောင် ဓာတ်ဖို အိုင်ယွန်နှင့် ဓာတ်မအိုင်ယွန်တို့ကို လျှပ်စစ်ဓာတ်ငြိမ်ဆွဲအားဖြင့် ပေါင်းစည်းထားပြီး ထိုကဲ့သို့ ပေါင်းစည်းထားသော ဓာတ်စည်းကို အိုင်ယွန်စည်းဟု ခေါ်သည်။ သတ္တုဒြပ်စင်များနှင့် သတ္တုမဟုတ်ဒြပ်စင်များ ဓာတ်ပြုသောအခါ အိုင်ယွန်စည်းများ ဖြစ်ပေါ်လာသည်။

ဆိုဒီယမ်နှင့် ဖလိုရင်းတို့ ပေါင်းစပ်၍ အိုင်ယွန်စည်း ဖြစ်ပေါ်လာပုံ

ကိုးကား ပြင်ဆင်ရန်