အိုင်ရိုကန် သည် ချဒ်နိုင်ငံအရှေ့တောင်ပိုင်း၊ Moyen-Chari ဒေသတွင်တည်ရှိသည့် ရာသီအလိုက်ဖြစ်ပေါ်သည့်ကန်တစ်ခု ဖြစ်သည်။ နွေရာသီနှင့် ဆောင်းဦးရာသီများတွင် Bahr Salamat မြစ်၏ အရှေ့ဘက်မှ ရေများသည် ကန်အတွင်းသို့ စီးဝင်သည်။ ၎င်းမြစ်သည် ကန်၏ အနောက်တောင်ဘက် ၇ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၎င်းကန်သည် ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ဆက်စပ်နေသည့် နယ်နိမိတ်၏ မြောက်ဘက် ၁၀၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ကန်သည် အဝိုင်းပုံသဏ္ဌာန်နီးပါး ဖြစ်ကာ ၁၃ ကီလိုမီတာရှည်၍ ၁၁ ကီလိုမီတာကျယ်သည်။ ခြောက်သွေ့သည့် ရာသီကာလများတွင် ကန်သည် လုံးဝခန်းခြောက်နေသည်။

အိုင်ရိုကန်
အိုင်ရိုကန် သည် Chad တွင် တည်ရှိသည်
အိုင်ရိုကန်
အိုင်ရိုကန်
Location in Chad
တည်နေရာMoyen-Chari Region; Chad
ကိုဩဒိနိတ်ကိုဩဒိနိတ်: 10°06′N 19°25′E / 10.100°N 19.417°E / 10.100; 19.417
ပင်မ ရေဝင်စီးကြောင်းBahr Salamat
ပင်မ ရေထွက်စီးကြောင်းevaporation
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများChad
အကျယ်ဆုံး အလျား၁၃ km (၈.၁ mi)
အကျယ်ဆုံး အနံ၁၁ km (၆.၈ mi)
မျက်နှာပြင် ဧရိယာ၁၁၀ km2 (၄၂ sq mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၈၆ m (၁,၂၆၆ ft)
ကျွန်းများno
အနီးရှိမြို့များBoum Kabir

ကန်တွင် ဂြိုဟ်, လ တစ်ခုခု၏ အဝိုင်းပုံသဏ္ဌာန် ဖိအားသက်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည်။[၁][၂]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. James B. Garvin (1986). POSSIBLE IMPACT STRUCTURES IN CENTRAL AFRICA
  2. W. Reimold & C. Koeberl (2014). Impact structures in Africa: A review, Journal of African Earth Sciences, Volume 93, May 2014, Pages 57–175.